ပဲခူးမြို့ ကျွန်းသာယာရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးမြို့ ကျွန်းသာယာရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွား

 


MNP - မတ်    ၅

ပဲခူးမြို့ ကျွန်းသာယာရပ်ကွက်၊ နယ်မြေ(၆) စက်လမ်းနှင့်ပွင့်သစ်စ လမ်းထောင့်တွင် ယနေ့နံနက် ၃ နာရီ ၁၅ မိနစ်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မီးသွေးမီးဖိုဖြင့် ထမင်းအိုးတည်ထားရာမှ ဘေးအကာထရံသို့ ကူးစက်ပြီး မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။

မီးလောင်မှုဖြစ်ပွားရာသို့ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက သွားရောက်မီးငြှိမ်းသတ်ခဲ့ကြောင်း၊  မီးလောင်မှုကြောင့် နေအိမ် ၁၄ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် မီးလောင်မှုနှင့် ပတ်သက်၍ သက်ဆိုင်ရာမြို့နယ်ရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)