မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဗိဿနိုးရှေးဟောင်း သုတေသနပြတိုက်သို့ ရောက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဗိဿနိုးရှေးဟောင်း သုတေသနပြတိုက်သို့ ရောက်ရှိ



MNP - မတ်   ၂၉

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်ရှိ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် စာရင်းဝင် ဗိဿနိုး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ဗိဿနိုးရှေးဟောင်း သုတေသနပြတိုက်သို့ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူးဦးသန်းဆွေဝင်းသည် ယမန်နေ့ည‌နေက ‌ရောက်ရှိခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရးမှူးသည် ဗိဿနိုးပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် ကျောက်ခေတ်ရုပ်ကြွင်း ပြကွက်များ၊ အုတ်ချပ်များနှင့် ပျူခေတ်လက်မှု ပစ္စည်းများအား လှည့်လည်ကြည့်ရှု့လေ့လာခဲ့သည်။

ဆက်လက်၍ ရှင်းလင်းဆောင်တွင် ရှေးဟောင်းသုတေသနဌာန ဗိဿနိုးဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဦးခင်ဇော်က လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးအတွင်းရေးမှူးက  ပြတိုက်အတွင်း ပြသထား သည့် မှတ်တမ်းဓါတ်ပုံများနှင့် ရှင်းလင်းချက်များအား ကြည်လင်ပြတ်သားသောပုံများဖြင့် ပြောင်းလဲပြသနိုင်ရေး၊ ပြတိုက်ဆိုင် ရာလုပ်ငန်းများအား အဆင့်မြှင့်တင်ဆောင်ရွက်ရေး၊ Information Center တွင်ပြသထားသည့် မှတ်တမ်းဓါတ်ပုံများ၊ တူးဖော် တွေ့ရှိမှုမှတ်တမ်းဓါတ်ပုံများအား ဓါတ်ပုံဆိုဒ်ကြီးဖြင့်ပြသရေး၊ ကုန်းအမှတ် KKG 2,3,4 အဝန်းအဝိုင်းအား ခြံစည်းရိုးကာရံ ထိန်းသိမ်းရေး၊ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ မပျောက်ပျက်စေရန်နှင့် ရေရှည်တည်မြဲမှုရှိစေရန် ကာကွယ်စောင့်ရှောက် ရေး၊ မြို့ဟောင်းအတွင်းရှိ ရှေးဟောင်းအဆောက်အဦများကို တစ်နေရာနှင့်တစ်နေရာ မြင်နိုင်ရန် လျှောက်လမ်းများ၊ လမ်းညွှန် ဆိုင်းဘုတ်များကို စနစ်တကျပြုလုပ်ရန်၊ ရှေးဟောင်း အမွေအနှစ်ဧရိယာအတွင်း ရှေးဟောင်းပစ္စည်းများ၊  လက်ရာများကို ထိခိုက်စေနိုင်သည့် လုပ်ငန်းလုပ်ဆောင်မှုမရှိစေရေး၊ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်သည့်အတွက် ယူနက်စကို guide line အတိုင်းဆောင်ရွက်ရေးနှင့် ဇုန်အတွင်းရှိဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာများအား ကမ္ဘာ့အမွေအနှစ်ဆိုင်ရာ ဟောပြောပွဲ ဆောင် ရွက်သွားရမည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူးနှင့်အဖွဲ့သည် ကုန်းအမှတ် KKG 2,3,4 သို့ သွားရောက်ကြည့်ရှု လေ့လာခဲ့ပြီး ရှေးဟောင်းသမိုင်းဝင် ရွှေရောင်တော်စေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ခဲ့ကြောင်း သိရသည်။

သတင်း - နိုင်ဝင်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)