သံတွဲမြို့၌ (၇၇)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် ကျားကိုက်ဆည်မှ ကျေးရွာ(၄)ရွာသို့ ရေပေးဝေရေး ဖွင့်ပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတွဲမြို့၌ (၇၇)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် ကျားကိုက်ဆည်မှ ကျေးရွာ(၄)ရွာသို့ ရေပေးဝေရေး ဖွင့်ပွဲအခမ်းအနား ကျင်းပ



MNP - မတ်   ၂၇

သံတွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် ကျားကိုက်ဆည်မှ ကျေးရွာ(၄)ရွာသို့ ရေပေးဝေရေး ဖွင့်ပွဲ အခမ်းအနားကို သံတွဲမြို့နယ်၊ မဲနယ်ကွင်းကျေးရွာ၌ ယမန်နေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် သံတွဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဌ ဒုတိယဗိုလ်မှူးကြီးဝင်းဗိုလ်က အဖွင့်အမှာစကားပြောကြားသည်။ထိုသို့ပြောကြားရာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ဦးစီးဌာန၏ မူဝါဒများ၊ လုပ်ငန်းတာဝန်များနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင် အရ ၂၀၃၀ ခုနှစ်တွင် လုံလောက်သည့် သောက်သုံး ရေများကို လူတိုင်းတန်းတူရရှိရေးအတွက် ဦးတည်ပြီးရေပေးဝေရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သံတွဲမြို့နယ်အတွင်း အိမ်တိုင်ရာရောက် ရေပေးဝေရေး ကျေးရွာ(၂၁)ရွာကို ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ၂၀၂၂ ခုနှစ်ထိ ရေပေးဝေရေးလုပ်ငန်းပေါင်း (၁၂၃)ခုဆောင်ရွက် ထားရှိပြီး ဖြစ်ပါကြောင်းနှင့် ယခုဖွင့်သည့် ကျေးရွာ(၄)ရွာ ရေပေးဝေရေး လုပ်ငန်းရေရှည်တည်တန့်ရေး၊ ပျက်စီးဆုံးရှုံးမှုများ မရှိစေရေးအတွက် ကျေးရွာပြည်သူများအနေဖြင့် ဝိုင်းဝန်းထိန်းသိမ်း သွားကြရန် ပြောကြားခဲ့သည်။

ဆက်လက်၍ သံတွဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးတင်မောင်ဌေးက ရေပေးဝေရေး လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းပြောကြားပြီး ကျေးရွာရပ်မိရပ်ဖ ဦးမောင်ကိုက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ယခုဖွင့်လှစ်သည့် ရေပေးဝေရေးလုပ်ငန်းကို ၂၀၂၁-၂၀၂၂ နှစ် (၆)ဘတ်ဂျက် ပြည်နယ်ရန်ပုံငွေ ကျပ်(၁၇၄.၀၀၀)သန်း၊ ပြည်သူ ထည့်ဝင်ငွေ ကျပ်( ၃.၁၆)သန်းစုစုပေါင်းကျပ်( ၁၇၇.၁၆)သန်းဖြင့်ဖြင့် ခရိုင်/မြို့နယ် ကျေးလက်ဦးစီးဌာနတို့၏ ကြီးကြပ်မှုဖြင့် ကုဋေသန်းကုမ္ပဏီမှ ဆောင်ရွက် ခဲ့ခြင်းဖြစ်ပြီး သာယာကွင်းကျေးရွာရှိအိမ်ခြေ (၇၉)အိမ်၊ သာယာကွင်းချင်းရွာရှိအိမ်ခြေ( ၁၅)အိမ်၊ တံခွန်တိုင်ကျေးရွာရှိအိမ်ခြေ( ၄၇)အိမ်နှင့် မဲနယ်ကွင်းကျေးရွာရှိ အိမ်ခြေ( ၁၇၅)အိမ် တို့အား ရေဂါလံ(၅၀၀၀)ဆန့် ရေစုကန်များ တည်ဆောက်၍ ရေရှိအောင်ဆောင်ရွက်ပေးနိုင် ခဲ့ကြောင်း သိရသည်။

ထို့အပြင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ရန်ပုံငွေ ကျပ်(၈၁၂၅.၂၀၈)သန်းဖြင့် အိမ်ခြေ (၉၅)အိမ် အားသောက်သုံး ရေရရှိအောင်ဆောင်ရွက်ပေးနိုင်ခဲ့သဖြင့် စုစုပေါင်းကျေးရွာ ၅ ရွာရှိအိမ်ခြေ၄၁၁)အိမ်၊ လူဦးရေ (၁၆၁၆)ဦး သောက်သုံးရေများ ရရှိကာ လူမှုစီးပွားမြင့်မားတိုးတက်လာမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရှိသည်။

ဖွင့်ပွဲအပြီးတွင် ဒုတိယဗိုယ်မှူးကြီးဝင်းဗိုလ်နှင့် တာဝန်ရှိသူများသည် ရေပေးဝေရေးလုပ်ငန်း ဆောင်ရွက်သည့် မှတ်တမ်း ဓာတ်ပုံများ ရေပေးဝေရေးစနစ်မြေပုံတို့အား လေ့လာကြည့်ရှုကြရာ မြို့နယ်ဦးစီးမှူး ဦးတင်မောင်ဌေးက ရှင်းလင်းတင်ပြသည်။ထို့နောက်ရေပေးဝေသည့်ရေစုကန်နှင့် ကျေးရွာအတွင်း အိမ်တိုင်ရာရောက်ရေရှိမှု အခြေအနေများ လှည့်လည် ကြည့်ရှုခဲ့ကြ ကြောင်း သိရှိရသည်။

သတင်း - သန့်ဇင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)