ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော လူ့စွမ်းအားအရင်းအမြစ်များမွေးထုတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော လူ့စွမ်းအားအရင်းအမြစ်များမွေးထုတ်



MNP - မတ်    ၅

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဝန်ထမ်းလေ့ကျင့်ရေး သင်တန်းကျောင်းနှင့် စိုက်ပျိုးရေးသိပ္ပံဌာနခွဲ၊ စိုက်ပျိုးရေးသိပ္ပံ(ဇွဲကပင်)၏  စတုတ္ထအကြိမ်မြောက် စိုက်ပျိုးရေး ဒီပလိုအပ်နှင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ဘားအံမြို့ နည်းပညာ တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

ဒီပလိုမာအပ်နှင်းပွဲတွင် စိုက်ပျိုးရေးသိပ္ပံ(ဇွဲကပင်) ကျောင်းအုပ်ဆရာမကြီးနှင့်တကွ စိုက်ပျိုးရေး သိပ္ပံ(ဇွဲကပင်)၏ စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ ပညာရေးအဖွဲ့ဝင်များက သက်ဆိုင်ရာ ဝတ်စုံများကို ဝတ်ဆင်လျက် စင်မြင့်ထက်သို့ ကြွရောက်နေရာယူကြပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးက စိုက်ပျိုးရေးကဏ္ဍ ဖွံဖြိုးတိုးတက်စေရန်အတွက် လိုအပ်သော လူ့စွမ်းအားအရင်းအမြစ်များကို မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်ပြီး စိုက်ပျိုးရေးသိပ္ပံ(ဇွဲကပင်)ကို ၂၀၁၄ ခုနှစ်မှ စတင်ဖွင့်လှစ်ပေးရာ ယနေ့ထိ ဒီပလိုမာလက်မှတ်ရ ကျောင်းသား/ကျောင်း သူ ၂၄၂ ဦးကို နိုင်ငံတော်၏ စိုက်ပျိုးရေးနယ်ပယ်တွင် အင်အားသစ်များအဖြစ် မွေးထုတ်ပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်း၊ ဒီပလိုမာနှင့်ရောင့်ရဲမနေဘဲ B.Ag , M.Ag နှင့် ပါရဂူဘွဲ့များထိ ကြိုးစားကြစေ လိုကြောင်း၊ သင်ယူတတ်မြောက်ထား သည့်စိုက်ပျိုးရေးပညာဖြင့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး အမြဲတီထွင်ကြံဆလုပ်ကိုင်ကြရန် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တောင်သူများ၏ ဘဝကိုမြှင့်တင်နိုင်အောင် ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ထို့နောက် စိုက်ပျိုးရေးသိပ္ပံ(ဇွဲကပင်)၏ ကျောင်းအုပ်ဆရာမကြီးက စိုက်ပျိုးရေး ဒီပလိုမာ အောင်လက်မှတ်ရယူကြမည့် ကျောင်းသား/သူ ၃၂ ဦးအား လိုအပ်သည့်ကတိခံဝန်ချက်များကို ရယူ၍ အလယ်အလတ်အဆင့် စိုက်ပျိုးရေးပညာရှင် (စိုက်ပျိုးရေးဒီပလိုမာ) အောင်လက်မှတ်များကို အပ်နှင်းပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပထမနှစ်မှ နောက်ဆုံးနှစ်ထိ တန်းစဉ်ပေါင်း ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကာ စုပေါင်း မှတ်တမ်း ဓါတ်ပုံများ ရိုက်ကူးခဲ့ကြသည်။

ဒီပလိုမာအပ်နှင်းပွဲအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီး ချုပ်နှင့် အစိုးရ အဖွဲ့ဝင်များသည် ကျောင်းသားမိဘ၊ ဆွေမျိုးများအား ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်၍ နည်းပညာတက္ကသိုလ်၌ ၂၀၂၁-၂၀၂၂ (၆)လဘတ်ဂျတ် ပြည်ထောင်စု ရန်ပုံငွေဖြင့် ဆောင်ရွက်သော အရှည် ၁၉၇၀ ပေရှိ အုတ်တံတိုင်းကာရန်ခြင်း လုပ်ငန်းအား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များမှာကြားခဲ့သည်။

ဆက်လက်၍ ပညာရေးဝန်ကြီးဌာန၊ ဘားအံပညာရေးဒီဂရီကောလိပ်၊ လုပ်ငန်းခွင်အကြို မူလတန်း ဆရာအတတ်ပညာ သင်တန်း PPTT (၇/၂၀၂၀) သင်တန်းဆင်း လက်မှတ်အပ်နှင်းပွဲကို အဆိုပါ ဒီဂရီကောလိပ် သီရိခန်းမ၌ ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက စိတ်ဓါတ်နှင့် အကျင့်စာရိတ္ထကောင်းမွန်သော၊ တီထွင်ဖန်တီး နိုင်စွမ်းရှိသော၊ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်တတ်သော၊ သိက္ခာရှိပြီး ပညာရေး၊ လူမှုရေးလုပ်ငန်းများတွင် ရပ်ရွာဒေသ နှင့် နိုင်ငံတော်မှ အားကိုးအားထားပြုရသော ဆရာကောင်းဆရာမွန်များ ဖြစ်အောင် ပါတီနိုင်ငံရေး ကင်းရှင်းသည့် ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစားကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဘားအံ၊ လှိုင်းဘွဲ၊ ကော့ကရိတ်၊ မြဝတီ၊ ကြာအင်းဆိပ်ကြီး၊ သံတောင်၊ ဖာပွန် မြို့နယ်များမှ သင်တန်းသား/သူ ၂၀၃ ဦးတို့၏ မြို့နယ်အလိုက် ကိုယ်စားလှယ်များထံ သင်တန်းဆင်းလက်မှတ် များပေးအပ်ချီးမြှင့်ပြီး သင်တန်းသား/ သူများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြော ကြားသည်။

ယင်းနောက် သင်တန်းဆင်း သင်တန်းသား/သူများက ကဗျာလွတ်အကဖြင့် ကပြဖျော်ဖြေခဲ့ကြရာ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးသိန်းကိုကိုက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် သင်တန်းဆင်း သင်တန်းသား/သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်း - စောမျိုးမင်းသိန်း

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)