ပို့ကုန်/သွင်းကုန်လုပ်ငန်းများ လျင်မြန်ချောမွေ့စေရေးအတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ ညီနောင်အသင်းအဖွဲ့များနှင့် ညှိနှိုင်းအစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပို့ကုန်/သွင်းကုန်လုပ်ငန်းများ လျင်မြန်ချောမွေ့စေရေးအတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ ညီနောင်အသင်းအဖွဲ့များနှင့် ညှိနှိုင်းအစည်းအဝေး ကျင်းပ


MNP ၊ မတ် ၁၀

ပို့ကုန်/ သွင်းကုန်လုပ်ငန်းများ လျင်မြန်ချောမွေ့စေရေးအတွက် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ ညီနောင်အသင်းအဖွဲ့များနှင့် ညှိနှိုင်းအစည်းအဝေးကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီတွင် Virtual စနစ်ဖြင့် ကျင်းပသည်။   

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက ကိုဗစ်-၁၉ ကူးစက်ရောဂါ အခြေအနေနှင့် အခြားအခက်အခဲ အခြေအနေများရှိနေသော်လည်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ ညီနောင်အသင်း အဖွဲ့များနှင့် ပို့ကုန်/သွင်းကုန် လုပ်ငန်းများအရှိန်အဟုန်မပြတ် ပူးပေါင်းဆောင်ရွက်ခဲ့ကြ၍ ယခုဆိုလျှင် ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိလာကြောင်း၊ ကိုဗစ်-၁၉ ကူးစက်မှုကာလ အတွင်းတွင်လည်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်နှင့် များစွာထိတွေ့ဆောင်ရွက်ခဲ့ပြီး ဖွံ့ဖြိုးတိုးတက်မှု အတိုင်းအတာ တစ်ခုအထိ ဖြေရှင်းဆောင်ရွက် နိုင်ခဲ့ပါကြောင်း၊ ကဏ္ဍတစ်ခုတည်းကို မဟုတ်ဘဲ ကဏ္ဍအားလုံး ပူးပေါင်းဆောင်ရွက်နိုင်မှသာ ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ပြီး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း၊ ယခုလို ပူးပေါင်းဆောင်ရွက်မှုကြောင့် ယခင်နှစ်များက ကုန်သွယ်မှု လိုငွေပြခြင်း (Trade Deficit) များ ရှိခဲ့ရာမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှု ပိုငွေပြခြင်း (Trade Surplus) ဖြစ်ခဲ့ပြီး ယခုနှစ်တွင်လည်း  Trade Deficit နည်းနိုင်သမျှ နည်းနိုင်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍနှင့် မွေးမြူရေးကဏ္ဍများကိုလည်း ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင် ရန်အတွက် လိုအပ်သော သွင်းအားစုများ အဆင်ပြေ ချောမွေ့စွာ တင်သွင်းရမည်ဖြစ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်နေသော ခေတ်စနစ်နှင့်အညီ ကဏ္ဍအလိုက် Update ဖြစ်သည့် စနစ်များကို ကျင့်သုံးနိုင်ရေး ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း၊  ကဏ္ဍအလိုက် အခက်အခဲများကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရန် အတွက် ယခုကဲ့သို့ ညှိနှိုင်းအစည်းအဝေးကို မကြာခဏ စီစဉ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တိုင်းပြည်တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်အောင် ကဏ္ဍအားလုံး ပူးပေါင်း ဆောင်ရွက် ပေးကြရန် တိုက်တွန်းလိုကြောင်းနှင့် ကဏ္ဍအလိုက် တက်ရောက်လာကြသော ကိုယ်စားလှယ်များမှ ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြရန် ဖိတ်ခေါ်ပါကြောင်း ပြောကြားသည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာကြသည့် ကိုယ်စားလှယ်များက ပို့ကုန်/သွင်းကုန် လုပ်ငန်းများနှင့်ပတ်သက်သော အကြံပြုချက်များ၊ ရှေ့ဆက်၍ ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ် များနှင့် လက်ရှိဆောင်ရွက်နေမှုများကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ ဝန်ကြီးနှင့် တာဝန်ရှိသူများက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)