သံတွဲမြို့၌ ၂၀၂၂ခုနှစ်မဟာသင်္ကြန်ပွဲတော်စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတွဲမြို့၌ ၂၀၂၂ခုနှစ်မဟာသင်္ကြန်ပွဲတော်စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး


MNP ၊  မတ်  ၂၉

သံတွဲမြို့၌၂၀၂၂ခုနှစ်မဟာသင်္ကြန်ပွဲတော်စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးလုပ်ငန်းညှိနိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၉နာရီက သံတွဲခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်သည်။

အစည်းအဝေးတွင် သံတွဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဌ ဒုတိယဗိုလ်မှူးကြီးဝင်းဗိုလ်က အမှာစကားပြောကြားရာ၌ သံတွဲမြို့တွင် ၂၀၂၂နှစ် မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းနိုင်ပါက သံတွဲမြို့၏ အေးချမ်းသာယာမှုရှိသော ပုံရိပ်ပေါ်ပေါက်ကာ ခရီးသွားလုပ်ငန်းများဖွံ့ဖြိုူး တိုးတက်မှုများ ရရှိကာ လူမှုဘဝဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သဖြင့် ကော်မတီများ၊ မြို့မိမြို့ဖများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်းပြောကြားသည်။ ဆက်လက်မြို့မိမြို့ဖများ၊ ကော်မတီ အသီးသီးမှ တာဝန်ရှိသူများက ၂၀၂၂နှစ် မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ဆွေးနွေးခဲ့ကြသည်။

သံတွဲမြို့နယ်တွင် ၂၀၂၂ခုနှစ်မဟာသင်္ကြန်ပွဲတော်ကို သံတွဲမြို့တွင်ဗဟိုမဏ္ဍပ်တစ်ခုနှင့် ငပလီမြို့တွင် ဗဟိုမဏ္ဍပ်တစ်ခုထားရှိပြီး ရပ်ကွက်ကျေးရွာများမှလှပျိုဖြူလေးများ၏  ယိမ်းအကပြိုင်ပွဲများ အခြား ဖျော်ဖြေရေးအစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။


သတင်း - သန့်ဇင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)