ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၌ ကျောင်းကျန်းမာရေးစံပြကျောင်း ရွေးချယ်ရေး ညှိနှိုင် အစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၌ ကျောင်းကျန်းမာရေးစံပြကျောင်း ရွေးချယ်ရေး ညှိနှိုင် အစည်းအဝေး ကျင်းပ



MNP -  မတ်  ၂၆

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် ကျောင်းကျန်းမာရေး စံပြကျောင်း ရွေးချယ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပရာ မြို့နယ် ကျောင်းကျန်းမာရေးစံပြကျောင်း ရွေးချယ်ရေးကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် မြို့နယ် ကျောင်းကျန်းမာရေးစံပြကျောင်း ရွေးချယ်ရေးအဖွဲ့ဝင် မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးမှူး ဒေါ်စန်းစန်းဦးက စံပြကျောင်းရွေးချယ်ရာတွင် သတ်မှတ်ထားသည့် စည်းမျဉ်း စည်းကမ်းများအား ရှင်းလင်းပြောကြားပြီး ရွေးချယ်ရေး အဖွဲ့ဝင်များမှ သတ်မှတ်ချက်များ ဖြစ်သည့် ကျောင်းဝင်းအတွင်း သန့်ရှင်းရေးကောင်းမွန်ခြင်း၊ ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ဆောင်ရွက်ထားသည့် ကျောင်းများအား စိစစ်ရွေးချယ်ပေးကြရန် ရှင်းလင်း ပြောကြားသည်။

ထို့နောက် ကျောင်းများအား အဖွဲ့ဝင်များမှ စိစစ်ရွေးချယ်ကြရာ စည်းမျည်းစည်းကမ်းများနှင့် ညီညွတ်သည့် ထက်၊ လယ်၊ မူကျောင်းများမှ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၃) အခြေခံပညာ အလယ်တန်းကျောင်း၊ အမှတ်(၂၂)အခြေခံပညာ မူလတန်းကျောင်းတို့အား ပမာဏ ရွေးချယ်ကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်ခင်နှင်းရီက ပြောကြားသည်။

ဆက်လက်၍ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးမှူးဒေါ်စန်းစန်းဦးက စံပြကျောင်း ရွေးချယ်ရာတွင် သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆက်လက် ဆောင်ရွက် သွားရမည့်လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားကာ အခမ်းအနားကိုရုပ်သိမ်းလိုက်ကြောင်း သိရသည်။

သတင်း - မြင့်မြင့်ရီ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)