နတ်မောက်မြို့ရှိ မြို့မကွက်သစ်ရပ်ကွက်တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နတ်မောက်မြို့ရှိ မြို့မကွက်သစ်ရပ်ကွက်တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး





MNP - မတ်   ၂၇

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ရှိအသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံ ပေးခြင်းကိုယမန် နေ့နံနက်(၈)နာရီအချိန်က မြို့မ ကွက်သစ်ရပ် ကွက်မုနိလေးဆူအောင်ဆုယူစေတီဓမ္မာရုံတွင်ပြု လုပ်ခဲ့ကြသည်။

အဆိုပါကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေး ရာတွင် မြို့နယ်ကျန်းမာရေးဌာနရှိ ဆရာမများက ကာကွယ်ဆေးထိုးနှံပေးရာသို့ လာရောက်ကြသည့် ရပ်ကွက်နေ ပြည်သူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းများ ပြုလုပ် ပြီးမှသာ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ရာမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရှိ စာရေးဝန်ထမ်းများ၊ မြို့မ ကွက်သစ်ရပ် ကွက်အုပ်ချုပ်ရေးမှူးနှင့် ပရဟိတ လူငယ်လေးများက လိုအပ်သည်များကို ဝိုင်းဝန်းကူညီဆောင်ရွက် ပေးခဲ့ကြသည်။ မြို့မကွက်သစ်ရပ်ကွက်တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး လုံးဝဆေး မထိုးရသေးသူ(၂၄)ဦးအား ပထမအကြိမ် ကာကွယ်ဆေးထိုးနှံ ပေးခြင်းနှင့် တတိယအကြိမ်အဖြစ် ကာကွယ်ဆေးထိုးနှံသူ (၆၄)ဦး၊ စုစုပေါင်း(၈၈)ဦးတို့ကို မြို့နယ် ကျန်းမားရေးဌာနရှိဆရာမများက ကာကွယ်ဆေးထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။

သတင်း - လှဝင်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)