ပြည်ထောင်စုဝန်ကြီး ဦးကိုကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ရှေးဟောင်းသုတေသန၊ ပြတိုက်နှင့် ထိန်းသိမ်းရေးဆိုင်ရာ စာတမ်းဖတ်ပွဲသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးကိုကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ရှေးဟောင်းသုတေသန၊ ပြတိုက်နှင့် ထိန်းသိမ်းရေးဆိုင်ရာ စာတမ်းဖတ်ပွဲသို့ တက်ရောက်



 

MNP ၊ မတ် ၉ 

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ရန်ကုန်ဌာနခွဲနှင့် အမျိုးသားပြတိုက်(ရန်ကုန်) တို့ပူးပေါင်း၍ “ရှေးဟောင်းသုတေသန၊ ပြတိုက်နှင့် ထိန်းသိမ်းရေးဆိုင်ရာ စာတမ်းဖတ်ပွဲ”ကို အမျိုးသားပြတိုက်(ရန်ကုန်)၊ ဘက်စုံခန်းမ၌ ကိုဗစ်-၁၉ စည်းမျဉ်း စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ကျင်းပသည်။ 


အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခချုပ်၊ သဘာပတိများ၊ ညွှန်ကြားရေးမှူးများ၊ ဖိတ်ကြားထားသော ပုဂ္ဂိုလ်များ၊ သတင်းမီဒီယာများ၊ စာတမ်းရှင်များ၊ စိတ်ဝင်စား၍ စာရင်းပေးတက်ရောက်သည့် ပုဂ္ဂိုလ်များနှင့် ဌာနမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။ 


အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ယနေ့ပြုလုပ်သည့် စာတမ်းဖတ်ပွဲတွင် သုတေသနစာတမ်း (၆)စောင် ဖတ်ကြားသွားမည်ဖြစ်ကြောင်း၊ စာတမ်းရှင်များသည် ရှေးဟောင်းသုတေသနဆိုင်ရာနှင့် ပြတိုက်ဆိုင်ရာ လုပ်ငန်းများကို လက်တွေ့လုပ်ငန်းခွင် နယ်ပယ်အသီးသီးတွင် ပါဝင်ဆောင်ရွက်နေကြသူများဖြစ်၍ ယခုကဲ့သို့ စာတမ်းဖတ်ပွဲများမှတဆင့် တစ်ဦးနှင့် တစ်ဦး အမြင်ချင်းဖလှယ်ပြီး မိမိတို့တွင်ရှိသည့် အတွေ့အကြုံများ နှီးနှောဖလှယ်ကာ အကြံဉာဏ်ကောင်းများရရှိအောင် ဆွေးနွေးတိုင်ပင် ညှိနှိုင်းကြရန် လိုအပ်ကြောင်း။ 


ထို့အတူ ပြတိုက်များကို Digital Museum အဖြစ် အကောင်အထည်ဖော်နိုင်ရေး လုပ်ငန်းများကိုလည်း ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်ကြမည်ဟု မျှော်လင့်မိပါကြောင်း၊ ယနေ့ကမ္ဘာ့နိုင်ငံအသီးသီးရှိ ပြတိုက်အများစုသည် Digital Platform ပေါ်တွင် လျှောက်လှမ်းနေကြပြီဖြစ်၍ မိမိတို့ပြတိုက်များအနေဖြင့်လည်း Digital Platform ပေါ် လျှောက်လမ်းနိုင်ရန်အတွက် Digital Museum အဖြစ် အကောင်အထည်ဖော်နိုင်ရေး လုပ်ငန်းများကိုလည်း ပိုမိုတိုးတက်အောင် ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။ 


ထို့နောက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦးလွင်က ဌာနတွင်းစာတမ်းဖတ်ပွဲများ ကျင်းပရခြင်းအကြောင်းကို ရှင်းလင်းတင်ပြပြီး စာတမ်းဖတ်ပွဲကို အစီအစဉ်အတိုင်း ကျင်းပသည်။ 


နံနက်ပိုင်းတွင် စာတမ်းရှင် ဦးထူးအောင်ချွန် (ဒုတိယဦးစီးမှူး၊ ပဲခူးဌာနခွဲ)က “ပဲခူးမြို့၊ ကျောက်စာရုံများရှိ ကျောက်စာချပ်များ လေ့လာချက်”၊ စာတမ်းရှင်၊ ဒေါ်တင်သက်သက်ဇော် ပြတိုက်လက်ထောက်-၄၊ အမျိုးသားပြတိုက်(ရန်ကုန်)က “The Throne with Cultural relations between Myanmar and India” ၊ စာတမ်းရှင်၊ ဦးခင်မောင်လေး (ဒုတိယဦးစီးမှူး၊ ရန်ကုန်ဌာနခွဲ)က “မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်ရှိ ပြားကျေးရွာအနီး စကြာတောင်ပေါ်၌ရှိသော စေတီ၊ ဂူဘုရားများ၏ ဗိသုကာနှင့် အနုပညာ လက်ရာလေ့လာချက်” တို့ကို လည်းကောင်း၊ မွန်းလွဲပိုင်းတွင် စာတမ်းရှင် ဦးခင်မောင်စိုး (လက်ထောက်ညွှန်ကြားရေးမှူး၊ ထားဝယ်ဌာနခွဲ)က “တနင်္သာရီမြို့ဟောင်း တူးဖော်မှု ပြုလုပ်နိုင်ရန် ပဏာမ ကွင်းဆင်းခြင်းနှင့် ဂဝံထုတ်လုပ်ရာဒေသ သုတေသနလုပ်ငန်း”၊ စာတမ်းရှင် ဒေါ်တင်နုနုမိုး ဒုတိယဦးစီးမှူး၊ အမျိုးသားပြတိုက်(ရန်ကုန်)က “Digital Museum ”နှင့် စာတမ်းရှင် ဦးလှပြုံး (ဒုတိယဦးစီးမှူး၊ ရန်ကုန်ဌာနခွဲ)က “စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့နယ် ရွာသစ်ကြီးကျေးရွာနှင့် ပတ်ဝန်းကျင်ရှိ ယဉ်ကျေးမှု အမွေအနှစ်များ လေ့လာချက်” စာတမ်းတို့ကို လည်းကောင်း ဖတ်ကြားတင်သွင်းကြသည်။ 


ဖတ်ကြားသော စာတမ်းများနှင့်ပတ်သက်၍ ရန်ကုန်တက္ကသိုလ်၊ သမိုင်းဌာန ပါမောက္ခဌာနမှူး ဒေါက်တာသင်းသင်းအေး၊ ရန်ကုန်တက္ကသိုလ် ရှေးဟောင်းသုတေသနပညာဌာန ပါမောက္ခ ဒေါက်တာ စိုးနီထွန်း၊ အမျိုးသားပြတိုက် (ရန်ကုန်)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သီသီသောင်း၊ ဦးစီးအရာရှိ ဒေါ်နှင်းနှင်း၊ မြောက်ဦးဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ချယ်ရီသင်းနှင့် တက်ရောက်လာသည့် ပညာရှင်တို့က မေးမြန်းဆွေးနွေး ဖြည့်စွက်အကြံပြုခဲ့ကြပြီး အခမ်းအနားအစီအစဉ်အရ ဖတ်ကြားသော စာတမ်းများနှင့် ပတ်သက်၍ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦးလွင်က သုံးသပ်တင်ပြခဲ့ကြောင်း သိရသည်။ 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)