မြောက်ဥက္ကလာပမြို့နယ်တွင် ၂၀၂၂ခုနှစ် မဟာသင်္ကြန်ပွဲတော် ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဥက္ကလာပမြို့နယ်တွင် ၂၀၂၂ခုနှစ် မဟာသင်္ကြန်ပွဲတော် ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ



MNP - မတ်   ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ၂၀၂၂ခု နှစ် မဟာသင်္ကြန် ပွဲတော်ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဉီးကပ်ကျော်က မကြာမီကျရောက်မည့် မဟာသင်္ကြန်ပွဲတော်တွင် ပြည်သူများ စိတ်အပန်း ဖြေနိုင်စွာ ရေကစားနိုင်ရေးအတွက် ဖျော်ဖြေရေးမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်ကို မြို့နယ်စည်ပင်သာယာရေးရုံးရှေ့တွင် ဆောင်လုပ်ရန် စီစဉ်ထားကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့် ဝိုင်းဝန်းဆောင်ရွက်ပေးစေလိုကြောင်း၊ လုံခြုံရေးကို အထူးဂရုပြုရန် လိုအပ်ကြောင်း၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများအနေဖြင့် မိမိရပ်ကွက်တွင် ရေကစားမဏ္ဍပ်ဆောက်လုပ်မည်ဆိုပါက အမြန်ဆုံးတင်ပြရန် လိုအပ်ကြောင်းနှင့် ရန်ပုံငွေ ရရှိနိုင်ရေး ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့မှ မဟာသင်္ကြန်ပွဲတော်ကာလအတွင်း မဏ္ဍပ်ရှေ့ ယာဉ်လမ်းကြောမပိတ်စေရေး၊ မြို့နယ်ရဲတပ်ဖွဲ့မှ လုံခြုံရေးဆိုင်ရာ တာဝန်ယူမှု အခြေအနေများနှင့် တက်ရောက်လာသူ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက အသီးသီး ပြန်လည် ဆွေးနွေးခဲ့ကြောင်း သိရသည်၊၊

သတင်း -  မြမြဝင်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)