ကျောက်တော်မြို့နယ်၊ ကျောက်တလုံးကျေးရွာရှိ မီးဘေးသင့်ပြည်သူများအား မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ ထောက်ပံ့ပစ္စည်းများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်တော်မြို့နယ်၊ ကျောက်တလုံးကျေးရွာရှိ မီးဘေးသင့်ပြည်သူများအား မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ ထောက်ပံ့ပစ္စည်းများပေးအပ်


MNP - မတ်    ၅

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်၊ ကျောက်တလုံးကျေးရွာအုပ်စု၊ ကျောက်တလုံးကျေးရွာ၌ မီးလောင်မှုကြောင့် ဆုံးရှုံးသွားသော မီးဘေးသင့်ပြည်သူများအား မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အဆိုပါကျေးရွာရှိ မီးလောင်ပြင်နေရာ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့မီးဘေးသင့် ပြည်သူများအား မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ ကယ်ဆယ်ရေးထောက်ပံ့ပစ္စည်းများ ပေးအပ်ရာသို့ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ မြို့နယ်တပ်ဖွဲ့ခွဲမှူး ဦးဘိုအောင်သိန်း ဦးဆောင်သော တပ်ဖွဲ့ဝင်များက မတ်လ ၂ ရက်နေ့ မီးလောင်မှုကြောင့် နေအိမ်များဆုံးရှုံးသွားသည့် အိမ်ထောင်စု ၅ စုမှ မီးဘေးသင့်ဒုက္ခသည်များဖြစ်သည့် ဦးမောင်စိန်ညွန့်၊ ဦးကျော်မိုးဆန်း၊ ဦးမောင်ဖြူလှ၊ ဦးမောင်ဝေဖြိုးနှင့် ဦးသောကြာတို့၏ မိသားစုဝင်များအတွက် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ထောက်ပံ့ပေးအပ်သည့် ကယ်ဆယ်ရေး ပစ္စည်းများအား တစ်အိမ်ထောင်စုလျှင် Family Kit ၁ ဘူး (စောင်၊ ခြင်ထောင်၊ ခေါင်းအုံး၊ ဆပ်ပြာ၊ သွားတိုက်ဆေး၊ ကျား/မ ဝတ်လုံချည်များ၊ ကလေးဝတ်အဝတ်အထည်များ)၊ Hygine Kit ၁ ဘူး၊ Dignity Kit ၁ ခုနှင့် သောက်ရေသန့်ဘူး ၁ ဘူးစီ တို့အား ထောက်ပံ့ပေးအပ်ခဲ့သည်။ အဆိုပါကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းသို့ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ မြို့နယ်တပ်ဖွဲ့ခွဲမှူး ဦးဘိုအောင်သိန်း ဦးဆောင်သော တပ်ဖွဲ့ဝင်များ၊ မီးဘေးသင့်ပြည်သူများနှင့် ကျောက်တလုံးကျေးရွာ အုပ်ချုပ်ရေးမှူးတို့ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

သတင်း - ခင်မောင်ထွန်း

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)