နမ္မတူမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် စာစစ်ဌာန ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နမ္မတူမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် စာစစ်ဌာန ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ကွင်းဆင်းစစ်ဆေး

 


MNP - မတ်    ၃၀

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင်၊ နိုင်ငံတစ်ဝန်း ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲကို မတ်လ (၃၁)ရက်နေ့မှ ဧပြီလ (၉)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ  ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်းနှင့် အဖွဲ့ဝင်များက ယနေ့နံနက် (၉)နာရီအချိန်တွင် တက္ကသိုလ်ဝန်တန်းဖြေဆိုမည့် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းရှိ စာစစ်ဌာန ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများ စားမေးပွဲဖြေဆိုရာတွင် ဘေးကင်းလုံခြုံစိတ်အေးချမ်းမြေ့စွာ ဖြေဆိုနိုင်ရေးအတွက် ကျောင်းလုံခြုံရေးဆောင်ရွက်ထားရှိမှုများ၊ စာမေးပွဲဖြေဆိုမည့်အခန်းများ၊ စာဖြေခုံများပြင်ဆင် ထားရှိမှုများ၊ ကျောင်းကျန်းမာရေးနှင့် သန့်ရှင်းရေးဆောင်ရွက်ထားရှိမှု အခြေအနေများ၊ မီးဘေးလုံခြုံရေး ဆောင်ရွက်ထားရှိမှုများ၊ လျှပ်စစ်မီးကြိုးသွယ်တန်းထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ပေါင်းစပ်ညှိနှိုင်း ကူညီဆောင်ရွက်ပေးခဲ့သည်။

နမ္မတူမြို့နယ်၌ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံပညာ အထက်တန်း ကျောင်း (ဘော်တွင်း)တို့တွင် စာစစ်ဌာနနှစ်ခု ဖွင့်လှစ်သွားမည်ဖြစ်ပြီး တက္ကသိုလ်ဝင် စာမေးပွဲဝင် ရောက်ဖြေဆိုမည့် ကျောင်းသားကျောင်းသူ ဘာသာတွဲ (၁)တွင် ၇၆ ဦး၊ ဘာသာတွဲ (၂)တွင် ၁၅ ဦး၊ ဘာသာတွဲ (၇)တွင် ၇၂ ဦး၊ ပြင်ပဝင်ရောက်ဖြေဆိုခွင့် လျှောက်ထားသည့် ကျောင်းသားကျောင်းသူ ဘာသာတွဲ (၁)တွင် ၅၃ ဦး၊ ဘာသာတွဲ (၂)တွင် ၁၁ ဦး၊ ဘာသာတွဲ (၇)တွင် ၂၆ ဦး၊ စုစုပေါင်း ကျောင်းသားကျောင်းသူ ၂၅၃ ဦး ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

သတင်း - လူမော် 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)