ယူကရိန်းကို ရုရှား ဝင်တဲ့ ၉ ရက်မြောက်နေ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ယူကရိန်းကို ရုရှား ဝင်တဲ့ ၉ ရက်မြောက်နေ့





ဒီနေ့ မနက် အစောပိုင်းမှာ  ယူကရိန်း ဇာပိုရီဇာယာ နျူကလိယ ဓာတ်အားပေး စက်ရုံထဲကို ရုရှားဗုံးတွေ ကျရောက် ပေါက်ကွဲပြီး မီးလောင်မှု ဖြစ်လို့ မီးငြိမ်းသက်လိုက်ရတယ်လို့ ယူကရိန်း အရေးပေါ် ဝန်ထမ်းတွေ က ဆိုပါတယ်။ ဓာတ်ပေါင်းဖို ထိခိုက်မှုမရှိသလို ဓာတ်ရောင်ခြည် လယ်ဗယ်ကလည်း ပုံမှန်ပါပဲလို့ ဆိုပါတယ် ။


မနေ့က ဆွေးနွေးပွဲ မှာ ယူကရိန်း စစ်ဘေးရှောင်တွေ ထွက်သွားဖို့နဲ့ မသွားလိုတဲ့ သူတွေကို လူသားချင်းအကူအညီပေးရေးဆိုင်ရာ အကူအညီတွေ ပေးနိုင်အောင်လို့ စစ်မဲ့စင်္ကြံ လမ်းတစ်ခု လုပ်ဖို့ သဘောတူနိုင်ခဲ့ပါတယ်။


ယူကရိန်း အရှေ့ဖက်ပိုင်း က မဟာဗျူဟာကျတဲ့ မာရီယူပေါမြို့ နဲ့ မြို့တော်ကီဗ်  အသည်းအသန် ဂျိမ်းနေကြတုန်းပါပဲ။


ကီဗ်မြို့တော်ဝန်ကတော့ ရုရှားတွေရဲ့ ဒုံးတွေကို သူတို့ရဲ့ လေကြောင်းရန်ကာကွယ်ရေး ကနေ ပစ်ချနိုင်ခဲ့ပါတယ်လို့ ဆိုပါတယ်။


ရုရှားဖက်ကတော့ ခါဆန် ဒေသကို ထိန်းချုပ်နိုင်ပြီလို့ ပြောပါတယ်။


လူပေါင်း ၂သိန်း၈သောင်းကျော်နေထိုင်တဲ့ ခါဆန်ဆိပ်ကမ်းမြို့ က ရုရှားလက်ကို ပထမဆုံး ကျရောက်တဲ့ မြို့ ဖြစ်သွားပါပြီ ။


မြောက်ဖက်က ချာနီဟိဗ် မှာလည်း ရေရေလည်လည်ဂျိမ်း နေပါတယ်။ ချာနီဟိဗ် မြို့တော်ဝန်ကတော့ ရုရှားတွေ အရပ်သားနေအိမ်တွေ ဖက်ကို အမြောက်နဲ့ ပစ်လို့ အရပ်သား ၃၃ ယောက် သေဆုံးသွားတယ်လို့ စွတ်စွဲ ထားပါတယ်။  


နိုင်ငံတကာ အနျူမြူ အေဂျင်စီအဖွဲ့က  ယူကရိန်းက ဓာတ်ပေါင်းဖိုတွေကို မတိုက်ဖို့အတွက် နဲ့ ရုရှားစစ်တပ်တွေ ဓာတ်ပေါင်းဖိုကို စီးမိထားပြီဆိုတာကို ရှင်းလင်မှု လုပ်ခဲ့ပါတယ်။


လက်ရှိနိုင်ငံခြားကို စစ်ဘေးရှောင်နိုင်တဲ့ ယူကရိန်းသားတွေက ၂ % ပဲရှိသေးတယ်လို့ UNHCR က ကြေညာပါတယ်။


ရုရုာတွေရဲ့ ရင်းနှီးမြုပ်နှံမှု ပါဝင်တဲ့ ကုမ္ပဏီတွေကိုလည်း စီးပွားရေအရ ပိတ်ဆို့ မှုတွေ လုပ်ဦးမယ်လို့ အမေရိကန်က ဆိုလိုက်ပါတယ်။ အဲ့ဒိထဲမှာ အက်ပဲလ် ကွန်ပြူတာနဲ့ဖုန်း လုပ်ငန်း  ၊ မာစီဒီဘန်ဇ် ကားထုတ်လုပ်ရေး ၊ ဘီပီ ရေနံကုမ္ပဏီ ၊ အိုင်ကေအီးအေ ပရိဘောဂ လုပ်ငန်း ၊ ဗောက်စ်ဝက်ဂွန် ကားလုပ်ငန်း  ၊ စကိုဒါအော်တို လုပ်ငန်းတွေ နဲ့ ကမ္ဘာ့ နံမည်ကြီး ကုန်အမှတ်တံဆိပ် တော်တော်များများပါနေပါတယ်။


သြစတေးလျှက ရုရှားပိုက်ဆံ ယူရို ၂၂ သန်းကို ထိန်းထားလိုက်ပါတယ်။ အဲ့ဒိပိုက်ဆံတွေ ကို ဘယ်သူပိုင်တာလဲလို့ သတင်းထောက်တွေရဲ့ အမေးကို တော့ နိုင်ငံခြားရေး ဝန်ကြီးက မဖြေခဲ့ပါတယ်။ သြစတေးလျှက သမ္မတ ပူတင်အပါအဝင် ရုရှား နိုင်ငံသား ၃၅၀ နဲ့ ဘီလာရုစ် ကုမ္ပဏီ ၁၃ ခုကို နာမည်ပျက်စာရင်းသွင်းလိုက်ပါတယ်။


ယူကရိန်း ဇာပိုရီဇာယာ နျူ ဓာတ်ပေါင်းဖိုက ဥရောပမှာ အကြီးဆုံး ဓာတ်ပေါင်းဖိုဖြစ်ပြီး မဂ္ဂဝတ် ၆၀၀၀ ထုတ်ပေး နိုင်ပါတယ်။ ၁၉၇၉ ဆိုဗီယက်ပြည်ထောင်စုခေတ်က တည်ဆောက်ခဲ့တာဖြစ်ပြီး ၁၉၈၅မှာ လူတွေ သိခဲ့တာပါ။ တစ်နိုင်ငံလုံးရဲ့ ၂၀ % ကို အဲ့ဒိဓာတ်ပေါင်းဖိုကနေ ထုတ်ပေးနေတာပါ။ အခုတော့ စစ်ပွဲရဲ့ ခြိမ်းခြောက်မှုအောက် ကို ရောက်နေပါတယ်။


ရုရှားလေကြောင်း က သူတို့ ရဲ့ ပထမပစ်မှတ်ဖြစ်တဲ့ စစ်ဌာနချုပ်တွေကို တိုက်ခိုက်ပြီးလို့ စွမ်းအင်ပေးတဲ့ နေရာတွေကိုစတိုက်နေပါပြီ ။ အခုဆိုရင် အုတ်ကယူကာမြို့ နားက ဓာတ်အားပေးစက်ရုံ ကို တိုက်ခိုက်ပြီးနောက် မှာတော့ မြို့ တစ်ခုလုံးနဲ့ပတ်ဝန်ကျင်ဒေသတွေမှာ အပူနဲ့ အလင်း လုံးဝမရတော့ပါဘူး။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)