ပန်းတနော်မြို့နယ်တွင် နွေရာသီအခြေခံ အားကစားသင်တန်း ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပန်းတနော်မြို့နယ်တွင် နွေရာသီအခြေခံ အားကစားသင်တန်း ဖွင့်လှစ်

 


MNP - မတ်    ၂၈

ကျောင်းသား ကျောင်းသူများ၊ လူငယ် လူရွယ်များ ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင်စေရန်၊ ကာယဉာဏစွမ်းရည် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် နွေရာသီအခြခံ အားကစားသင်တန်းကို မတ်လ ၂၅ ရက်မှ ဧပြီလ ၈ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင် ရိုးရာခြင်း၊ ဘောလုံး၊ အေရိုးဗစ်၊ ပြေးခုန်ပစ်၊ မြန်မာ့ရိုးရာသိုင်း အားကစားနည်းများအား ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး ကျောင်းသား ကျောင်းသူများ၊ လူငယ်လူရွယ်များ နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ နိုင်ငံ့ကိုယ်စားပြု ထူးချွန်ထက်မြက်၍ အရည်အသွေးပြည့်ဝသော အားကစားသမားများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ အဆိုပါသင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ အားကစားနည်းစနစ်မှူး ဒေါ်သိမ့်သိမ့်နွေးထံမှ သိရသည်။

အဆိုပါ သင်တန်းသို့ ပန်းတနော်မြို့နယ်အတွင်းရှိ ကျောင်းသား ကျောင်းသူ၊ လူငယ်လူရွယ် စုစုပေါင်း (၁၅၀)ဦးခန့်မှ စိတ်ပါဝင်စားစွာဖြင့် တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။

သတင်း - ပြည့်ဖြိုးကျော်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)