ကလောမြို့နယ်၌ နွေရာသီအားကစားသင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကလောမြို့နယ်၌ နွေရာသီအားကစားသင်တန်းဖွင့်လှစ်

 


MNP -  မတ်   ၂၆

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာန၊ လမ်းညွှန်မှုဖြင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပညာရေးဦးစီးဌာနတို့ ပူးပေါင်း ၍၂၀၂၂ ခုနှစ် နွေရာသီအားကစား သင်တန်းကို ယမန်နေ့မွန်းလွှဲ ၃ နာရီက ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကလောမြို့နယ် အားကစားကွင်း၌ ဖွင့်လှစ်သင်ကြားပေးလျက် ရှိကြောင်း သိရသည်။

အမျိုးသားအားကစား အဆင့်အတန်းတိုးတက်မြင့်မားရေးနှင့် အောင်မြင်မှုများ ယခုထက်ပိုမို ရရှိစေရေး၊ ဇွဲ၊လုံ့လ၊ ဝီရိယ၊ အားမာန်အပြည့်ရှိပြီး ထူးချွန်ထက်မြက် သောမျိုးဆက်သစ်အား ကစားသမား လူငယ်များ စဉ်ဆက်မပြတ်ပေါ်ထွက် လာစေရေး၊ နွေရာသီကျောင်း အားလပ်ရက် များတွင် ကျောင်းသား၊ ကျောင်းသူများ အားကစားကို ပိုမိုစိတ်ပါဝင် စားလာစေရန်နှင့် နိုင်ငံတော်၏ အားကစားမြှင့်တင်ခြင်း လုပ်ငန်းကို တစ်ဖက် တစ်လမ်းမှ အထောက်အကူ ပြုစေရန် ရည်ရွယ်ချက်ဖြင့် နွေရာသီအားကစားသင်တန်းကို ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း၊ အဆိုပါ သင်တန်းတွင် မြန်မာ့သိုင်း၊ ဘောလုံးကျား/မ၊ Aeroic Fitness Dance၊ လက်ဝှေ့ စသည့် အားကစားနည်းများကို ကျွမ်းကျင်သော နည်းပြများဖြင့် မတ်လ (၂၅) ရက်နေ့မှ ဧပြီလ (၁၀) ရက်နေ့အထိ မြို့နယ်အားကစားကွင်း၌ အခမဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ အားကစား သင်တန်းသို့ သင်တန်းသား သင်တန်းသူ (၁၅၀) ဦးခန့် တက်ရောက်ပြီး တက်ရောက်လာသည့် သင်တန်းသားများအား T-Shirt အင်္ကျီ တစ်ထည်စီ ပံ့ပိုးပေးခဲ့ကြောင်း၊ မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားမှူး ဒေါ်ကျော့ကေခိုင်ထွန်းထံမှ သိရသည်။

သတင်း - ကျော်ဝင်း 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)