ပေါက်ခေါင်းမြို့နယ်၌ စားသုံးဆီနေကြာအပါအဝင်အခြားဆီထွက်သီးနှံဧက ၁၀၀၀၀ ကျော်စိုက်ပျိုးထားရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်ခေါင်းမြို့နယ်၌ စားသုံးဆီနေကြာအပါအဝင်အခြားဆီထွက်သီးနှံဧက ၁၀၀၀၀ ကျော်စိုက်ပျိုးထားရှိ

 



MNP - မတ်   ၇

ပဲခူးတိုင်းဒေသကြီး၊ပေါက်ခေါင်းမြို့နယ်အတွင်းရှိကျေးရွာအုပ်စုများမှ ဆောင်းသီးနှံစိုက်ပျိုးသည့်တောင်သူများသည် ယခုနှစ်တွင်စားသုံးဆီနေကြာအပါအဝင်အခြားဆီထွက်သီးနှံ(၁၀၂၂၈)ဧကကိုမြေအမျိုးအစားပေါ်မူတည်၍ ခွဲခြားစိုက်ပျိုးထားရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။

တောင်သူများအနေဖြင့် ဆီထွက်သီးနှံ နေကြာကိုအခြားဆောင်းသီးနှံပဲမျိုးစုံစိုက်ခင်းများအတွင်းသီးထပ်သီးညှပ်စိုက်ပျိုးသည့်အပြင်၊သီးသန့်စိုက်ခင်းများဖြင့်လည်း စိုက်ပျိုးထားရှိသည်။တိုင်းဒေသကြီးအစိုးရအနေဖြင့်လည်း မြို့နယ်အတွင်းဆောင်းသီးနှံနေကြာစိုက်ပျိုးနိုင်ရန်အတွက် ဆင်း‌ရွှေကြာ-၂နေကြာမျိုးစေ့(၁၀၈) အိတ်နှင့်မြေဩဇာ ၅၀ ကီလိုအိ(၂၆)အိတ်ကို တောင်သူများထံသို့ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။‌

ပေါက်ခေါင်းမြို့နယ်အနေဖြင့် ယခုနှစ်တွင်ဆောင်းရာသီ ဆီထွက်သီးနှံအနေဖြင့် နှမ်း(၄၄၅၂)ဧက၊မြေပဲ(၅၇၁၇)ဧက၊နေကြာသီးထပ်သီးညှပ်(၅၄)ဧကနှင့်နေကြာသီးသန့်(၅)ဧက စုစုပေါင်းဆီထွက်သီးနှံ(၁၀၂၂၈)ဧကကို ဒေသတွင်းစားသုံးဆီဖူလုံရေးအတွက် စိုက်ပျိုးထားရှိကြောင်းနှင့် လာမည့်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင်စားသုံးဆီနေကြာကို ရာထားချက်ထက်ကျော်လွန်စိုက်ပျိုးသွားမည်ဖြစ်ကြောင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။

သတင်း - သန်းထွန်းအောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)