ရေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး ပြင်ဆင်ထားရှိမှု အကောင်းဆုံး ကျောင်းများအား ကျန်းမာရေးထူးချွန်ဆုပေးအပ်ပွဲကျင်းပရေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး ပြင်ဆင်ထားရှိမှု အကောင်းဆုံး ကျောင်းများအား ကျန်းမာရေးထူးချွန်ဆုပေးအပ်ပွဲကျင်းပရေး



MNP - မတ်    ၃၀

မွန်ပြည်နယ် ရေးမြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် တားဆီးရေးအတွက် ကျောင်းပတ်ဝန်းကျင်၊ စာသင်ခန်း၊ သန့်ရှင်းသပ်ရပ် ပြင်ဆင်ထားရှိမှု အကောင်းဆုံးကျောင်းများအား  ကျန်းမာရေးထူးချွန်ဆုပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက ရန်ကြီးအောင်ရပ်ကွက် အမှတ်(၃) အခြေခံပညာအလယ်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပ ခဲ့သည်။

ပထမဦးစွာ မြို့နယ်ကျန်းမာရေးဦးစီး ဌာနမှူးတာဝန်ခံ ဒေါက်တာကင်းရှိန်နှင့် မြို့နယ်ပညာရေးမှူးဦးမင်းဌေးဦးတို့ကက အဖွင့်အမှာစကားပြောကြားပြီး ကျန်မာရေးမှူး-၁ ဦးအောင်ဇော်ထိုက်က ဆုရွေးချယ်ခြင်း များနှင့် ပတ်သက်ပြီး ရှင်းလင်းပြာကြားခဲ့သည်။

ထို့နောက် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများမှ ကိုဗစ် - ၁၉ ရောဂါ တားဆီးကာကွယ်ရေး ပြင်ဆင်ထားရှိမှုအကောင်းဆုံး ဆောင်ရွက်ထားရှိသည့် မူလတန်းအဆင့် အမှတ် (၂) အခြေခံပညာ မူလတန်းလွန်ကျောင်း၊ အလယ်တန်းအဆင့် အမှတ်(၃) အခြေခံပညာအလယ်တန်းကျောင်းနှင့် အထက်တန်းအဆင့် အမှတ် (၃)အခြေခံပညာအထက်တန်း ကျောင်းများမှ ကျောင်းအုပ် ဆရာမကြီးများအား ဆုများအသီသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။ 

သတင်း - သိမ့်ချယ်ရီ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)