ရေဦးတွင် နိုင်ငံသားစိစစ်ရေးကတ်အကြောင်း ဗီနိုင်းပိုစတာများ လှည့်လည်ကပ်ထား၌ အသိပညာပေး ရှင်းလင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေဦးတွင် နိုင်ငံသားစိစစ်ရေးကတ်အကြောင်း ဗီနိုင်းပိုစတာများ လှည့်လည်ကပ်ထား၌ အသိပညာပေး ရှင်းလင်း

 


MNP -  မတ်  ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူရုံးမှ နိုင်ငံသားစိစစ်ရေးကတ် အရေးပါပုံအကြောင်း အသိပေး ရှင်းလင်းခြင်းနှင့် အသိပညာပေး ဗီနိုင်းပိုစတာများ လှည့်လည်ကပ်ခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီက အောင်မင်္ဂလာရပ်ကွက် အားကစားခန်းမနှင့် လူစည်ကားရာ‌ နေရာတို့တွင် ပြုလုပ်ခဲ့သည်။


အသိပေးရှင္းလင်းရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမင်းနိုင်ထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှူး ဦးကျော်ဆွေက အသက် ၁၈ နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်  မပြုလုပ်ရသေးသူများ ပန်းခင်းစီမံချက်ကာလ အတွင်း အပြီးတိုင်ပြုလုပ်သွားရေး၊ ခရီးသွားလာရာတွင် နိုင်ငံသားစိစစ်ရေး ကတ်ပါရှိမှသာ နေထိုင်သွားလာခွင့်ရရှိမည့် အကြောင်းနှင့် အသက် ၁၀ နှစ်ပြည့်၊  အိမ်ထောင်စု လူဦးရေစာရင်းဇယားနှင့် နိုင်ငံသားစိစစ်ရေးကတ် ပျောက်ဆုံးပျက်စီးမှုတို့ကိုလည်း သတ်မှတ် ပုံစံလျှောက်လွှာရယူလျှောက်ထားနိုင်ကြောင်း၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနအနေဖြင့် ဌာနနှင့်နှင့်ပတ်သက်သည့် လုပ်ငန်းများကို ဌာနဝန်ထမ်းများမှ မှန်ကန် တိကျစွာဖြင့် အခမဲ့ပြုလုပ်ပေးလျက်ရှိကြောင်း အသိပေးရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး မြို့မရဲစခန်း  ခေတ္တစခန်းမှူး ဒုရဲမှုးကျော်ဇေလတ် က ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ ယာဉ်မောင်းလိုင်စင်အကြောင်းနှင့် လိုက်နာခြင်းမရှိပါက ဥပဒေအရ အရေးယူခံရနိုင်သည်များကို ထပ်ဆင့် အသိပေး ရှင်းလင်းခဲ့ကြောင်း သိရသည်။

ထို့နောက် တက်ရောက်လာသူများက နိုင်ငံသားစိစစ်ရေးကတ် ပျောက်ဆုံးပျက်စီးမှုနှင့် ပတ်သက်၍ မရှင်းလင်းသည့် အချက်များကို မေးမြန်းခဲ့ရာ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှုးမှ ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့သည်။

ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့နှင့် အဆိုပါဌာနဝန်ထမ်းများက လူစည်ကားရာ နေရာများသို့ သွားရောက်၍ နိုင်ငံသားစိစစ်ရေးကတ်အကြောင်း သိကောင်းစရာ အကြောင်းအရာပါ အသိပညာပေး ဗီနိုင်းပိုစတာများ ကပ်ခဲ့ကြကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပိုစ့်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)