သထုံမြို့နယ်တွင် ပြည်သူများအား ဆဋ္ဌမသုတ်(ဒုတိယအကြိမ်)နှင့် သတ္တမသုတ် (ပထမအကြိမ်) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သထုံမြို့နယ်တွင် ပြည်သူများအား ဆဋ္ဌမသုတ်(ဒုတိယအကြိမ်)နှင့် သတ္တမသုတ် (ပထမအကြိမ်) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး



MNP - မတ်    ၃

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြည်သူများအား ဆဋ္ဌမသုတ်(ဒုတိယအကြိမ်)နှင့် သတ္တမသုတ် (ပထမအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (COVID SHIELD) ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့၊ နံနက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမစုရပ်၌ ပြုလုပ်ခဲ့သည်။

ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သူနာပြုဆရာမများ၊ စေတနာ့ဝန်ထမ်း(Volunteer) များနှင့် တာဝန်ရှိသူတို့က အသက်(၁၈)နှစ်အထက် ပြည်သူများ တို့အား ဆဋ္ဌမသုတ်(ဒုတိယအကြိမ်)နှင့် သတ္တမသုတ် (ပထမအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(COVID SHIELD) ဆက်လက်ထိုးနှံပေးခြင်း၊  ကိုယ်ဝန်‌ဆောင်နှင့် နို့တိုက်မိခင်များအား ပထမအကြိမ် ဆက်လက် ထိုးနှံပေးခြင်းတို့ကို သတ်မှတ်အစီအစဉ်များအတိုင်း စနစ်တကျ ဆောင်ရွက်ပေးခဲ့ကြပြီး ကာကွယ်ဆေးထိုး ကြီးကြပ် အဖွဲ့ဝင်များက လိုအပ်သည် တို့ကို ကူညီဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါနေ့တွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ ဆေးထိုးစုရပ်၌ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအပါအဝင် ဒေသခံပြည်သူ ၁၀၀ ဦးခန့်အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(COVISHIELD) ထိုးနှံပေးခဲ့ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးကော်မတီမှ သိရသည်။

သတင်း - ကိုကိုဦး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)