ပခုက္ကူတက္ကသိုလ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပခုက္ကူတက္ကသိုလ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ



MNP -  မတ်  ၂၆

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၊ လေးထပ်ဆောင်ခန်းမ ၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ညနေ ၃ နာရီအချိန်က ကျင်းပ သည်။

ဟောပြောပွဲသို့ ပခုက္ကူတက္ကသိုလ်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်ခင်ထွတ်က လူငယ်များမှသည် အနာဂတ်တိုင်းပြည်အတွက် အားကိုးယုံကြည်ထိုက်သည့် ခေတ်ပညာတတ် လူစွမ်းကောင်းများ ပေါ်ထွက် လာရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုချိုမာက လူငယ်နှင့် ဗလငါးတန်နှင့် မျိုးချစ်စိတ် ဓာတ်၊ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်ရေး ခေါင်းစဉ်တို့ဖြင့်လည်းကောင်း၊ မြို့နယ်ပညာရေးမှူးရုံးမှ လက်ထောက် ကြီးကြပ်ရေးမှူး ဦးအောင်နွယ်က ကျောင်းသား၊ ကျောင်းသူများ ထားရှိရမည့် စိတ်ဓာတ်၊ စည်းကမ်း၊ ပညာနှင့် လူငယ်နှင့်အနာဂတ် ခေါင်းစဉ်တို့ဖြင့် လည်းကောင်း၊ မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ  မြို့နယ်အာ/ကာမှူး ဒေါ်နန်းသီတာထွေးက လူငယ်နှင့်အားကစား၊ ကျောင်းသား၊ ကျောင်းသူများ၏ အားကစားစွမ်းရည် မြှင့်တင်ရေး ခေါင်းစဉ်တို့ဖြင့် လည်းကောင်း အသီးသီးရှင်းလင်းဟောပြောကြပြီး တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ များအတွက် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ကြသည်။

အဆိုပါ ဟောပြောပွဲကို အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန၊ ပြန်ကြားရေး ဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး လူငယ်ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး အစီအစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူ (လူငယ်) များအား ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ကြွယ်ဝလာစေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုး တိုးတက်လာစေရန်၊  အကျင့်စာရိတ္တ ကောင်းမွန်စေရန်၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်လာစေရန်၊ နိုင်ငံတော်၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေန်ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ပြီး ပခုက္ကူတက္ကသိုလ် ဒုတိယပါမောက္ခချုပ်နှင့် ဘာသာရပ်ဆိုင်ရာ ပါမောက္ခ (ဌာနမှူး) များ၊ ဆရာ/ဆရာများနှင့် ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာ တက်ရောက်ကြကြောင်း သိရသည်။

သတင်း - ဆလိုင်းကိုကီး

မြန်မာနေရှင်နယ်ပိုစ့်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)