မော်လမြိင်ဟိုတယ်ဇုန်ရှိ ဟိုတယ်ဝန်ထမ်းများနှင့် စားသောက်ဆိုင်ဝန်ထမ်းများအား အသည်းရောင် အသားဝါ ဘီပိုးနှင့် စီပိုး စစ်ဆေးခြင်းများ ပြုလုပ်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မော်လမြိင်ဟိုတယ်ဇုန်ရှိ ဟိုတယ်ဝန်ထမ်းများနှင့် စားသောက်ဆိုင်ဝန်ထမ်းများအား အသည်းရောင် အသားဝါ ဘီပိုးနှင့် စီပိုး စစ်ဆေးခြင်းများ ပြုလုပ်ဆောင်ရွက်



MNP - မတ်   ၂၉   

မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်တွင် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးဦးစီးဌာနနှင့် ဟိုတယ်နှင့် လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ ဝန်ထမ်းများအား အသည်းရောင်အသားဝါ ဘီပိုးနှင့်စီပိုး အခမဲ့စစ်ဆေးခြင်းများကို ယနေ့နံနက်ပိုင်းက  မောင်ငံရပ်ကွက် ကောင်းမြတ် စားသောက်ဆိုင်၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အသည်းရောင် အသားဝါ ဘီပိုးနှင့်စီပိုး အခမဲ့စစ်ဆေးပေးခြင်းနှင့်ပတ်သက်၍ မွန်ပြည် နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန  ဒုတိယပြည်နယ်ဦးစီးမှူး ဒေါက်တာသံလွင်အောင်၊ ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇေယျာထွန်း၊ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးချန်ထွန်းတို့က ပြောကြားရာတွင် မွန်ပြည်နယ်သည် နွေရာသီကာလအတွင်း ခရီးသွားလာမှု အများဆုံးပြည်နယ်တစ်ခုဖြစ်သည့်အတွက် မိမိတို့အနေဖြင့် ပြည်နယ်အတွင်းမှာရှိတဲ့ ဟိုတယ် လုပ်ငန်းများနဲ့ဆက်စပ်နေတဲ့ လုပ်ငန်း၇ မျိုးမှာ ပါဝင်နေတဲ့ ဝန်ထမ်းများကို စစ်ဆေးပေးခြင်း၊ထိုးနှံပေးခြင်းများကို ဆောင်ရွက်ပေးခြင်းအားဖြင့်  မကြာမီကာလ နှစ်ဆန်းတစ်ရက်နေ့ကစတင်ပြီး နိုင်ငံတကာ လေကြောင်းလိုင်းတွေ ပြန်လည် ဖွင့်လှစ်မှာဖြစ်တဲ့အတွက် ပြည်တွင်း/ပြည်ပ ခရီးသွားတွေ ပိုမိုယုံကြည်စိတ်ချကောင်းမွန်အောင် ကူညီဆောင်ရွက် ပေးနိုင်မှာဖြစ်တယ်၊ ဟိုတယ်ရှိ ဝန်ထမ်း အားလုံးဟာ ကိုဗစ်ကာကွယ်ဆေးကို ထိုးနှံပေးထားသလို အခုအချိန်မှာ ဘီပိုးနဲ့စီပိုး ရောဂါ ကာကွယ်ဆေးကိုလည်း ကြိုတင် ကာကွယ်ဆေးထိုးထားခြင်းအားဖြင့်  ခရီးသွားဧည့်သည်တွေရဲ့အပေါ် ပိုမိုပြီး ကောင်းမွန်တဲ့ အကောင်းဆုံးဝန်ဆောင်မှုကို ပေးသွားနိုင်မှာဖြစ်တယ် ခရီးသွားပြည်သူတွေအနေ နဲ့လည်း ယုံကြည်မှုရှိကာ ခရီးသွားလုပ်ငန်း ပိုမိုတိုးတက်ကောင်းမွန်လာမှာ ဖြစ်ပါကြောင်း ပြောကြား ခဲ့ပါသည်။

အသည်းရောင် အသားဝါ ဘီ ပိုးနှင့် စီ ပိုး အခမဲ့စစ်ဆေးပေး ခြင်းကိုတစ်ရက်လျှင်လူဦးရေ ၂၀၀ ဖြင့် နှစ်ရက်တိတိ စမ်းသပ်စစ်ဆေးသွားမည်ဖြစ်ပါကြောင်း သိရှိရပါသည်။

သတင်း - ခင်စန်းမြင့်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)