မင်းလှမြို့နယ် ရေတွင်းကြီးကျေးရွာ၌ ကျေးရွာတွင်း ကွန်ကရစ်လမ်းဖွင့်ပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းလှမြို့နယ် ရေတွင်းကြီးကျေးရွာ၌ ကျေးရွာတွင်း ကွန်ကရစ်လမ်းဖွင့်ပွဲပြုလုပ်



MNP - မတ်    ၃၀

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ်၊ (၆)လပတ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP)ရန်ပုံငွေ နှင့် ပြည်သူထည့်ဝင်ငွေဖြင့်ဆောင်ရွက်သည့်‌ ရေတွင်းကြီးကျေးရွာ၌ ကျေးရွာတွင်း ကွန်ကရစ် လမ်းဖွင့်ပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က အမှာစကား ပြောကြားခဲ့ပြီး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝေလင်းမောင် က ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေး  အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကျေးရွာတွင်း ကွန်ကရစ်လမ်းအား ဖဲကြိုးဖြတ် ဖွင့်လှစ်‌ပေးခဲ့သည်။

မင်းလှမြို့နယ် ရေတွင်းကြီးကျေးရွာ၌ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းရာတွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် (၆)လတွင် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေကျပ်(၁၀)သန်း၊ ပြည်သူထည့်ဝင်ငွေကျပ်(၁)သန်း၊ စုစုပေါင်းကျပ်(၁၁)သန်းဖြင့်  ကွန်ကရစ် လမ်းခင်းခြင်းဖြစ်ရာ   လမ်းအရှည် ၈၈၀ ပေ၊ အကျယ် ၁၀ပေ၊ ထု ၆လက်မ ရှိသည့် ကွန်ကရစ်လမ်း ဖြစ်ကြောင်း မင်းလှမြို့နယ် ကျေးလက်‌ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးထံမှ သိရသည်။

သတင်း - ဇာဇာ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)