လှိုင်းဘွဲမြို့နယ် ဝါးခုတ္တောကျေးရွာတွင် ကျေးလက်ကုန်ထုတ်လမ်းနှင့် ကုန်ထုတ်တံတားများ တည်ဆောက်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လှိုင်းဘွဲမြို့နယ် ဝါးခုတ္တောကျေးရွာတွင် ကျေးလက်ကုန်ထုတ်လမ်းနှင့် ကုန်ထုတ်တံတားများ တည်ဆောက်လျက်ရှိ

 


MNP - မတ်    ၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ဝါးခုတ္တောကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ သွားလာရေးအဆင်ပြေစေရန်နှင့် ကုန်စည်စီးဆင်းမှု လုပ်ငန်းများ လွယ်ကူစွာသယ်ယူပို့ဆောင်နိုင်ရေးအတွက် ကျေးလက်ကုန်ထုတ်လမ်းနှင့် ကုန်ထုတ် တံတားများ တည်ဆောက်လျက်ရှိကြောင်း သိရှိရသည်။

အဆိုပါ ကျေးလက်ကုန်ထုတ်လမ်းနှင့် ကုန်ထုတ်တံတား တည်ဆောက်ခြင်းလုပ်ငန်းကို ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ ပထမ(၆)လပတ်၊ ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေ (၁၂၄.၀၂၈) ကျပ်သန်းဖြင့် လမ်းအရှည်(၃)မိုင်၊ အကျယ်(၁၂)ပေ၊ အထူ(၂)ပေ (၉) လက်မဖြင့် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ခြင်းလုပ်ငန်းကို (၉၀) ရာခိုင်နှုန်း ပြီးစီးပြီး ဖြစ်ကြောင်းနှင့် အဆိုပါလမ်းမပေါ်တွင် ကျေးလက်ကုန်ထုတ်တံတား အရှည်(၃၀)ပေ၊ အကျယ် (၁၆) ပေ၊ အမြင့်(၁၂)ပေနှင့် အရှည်(၄၀)ပေ၊ အကျယ်(၁၆)ပေ၊ အမြင့်(၁၂)ပေ တံတား (၂) စင်းအား ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေ (၉၀.၆၄) ကျပ်သန်းဖြင့် ဒေါနကြယ်စင် ကုမ္မဏီလီမိတက်မှ တာဝန်ယူ ဆောင်ရွက်လျက်ရှိရာ (၈၀) ရာခိုင်နှုန်း ပြီးစီးပြီးဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးရေးဦးစီးဌာနရုံးမှ သိရှိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)