ပိုင်ကျုံမြို့တွင်ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူ(၁၃၆၆၈)ဦးရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပိုင်ကျုံမြို့တွင်ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူ(၁၃၆၆၈)ဦးရှိ



MNP - မတ်   ၂၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ် ထိန်းချုပ်နိုင်စေရန်နှင့် ရောဂါပိုး ကူးစက်ပြန့်ပွားမှုကို လျှော့နည်းစေရန် ရည်ရွယ်၍  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို အရှိန်အဟုန်မြှင့် ထိုးနှံပေးလျက်ရှိကြောင်းသိရ သည်။

ပိုင်ကျုံမြိုတွင်ကိုဗစ်-၁၉‌ ရောဂါ ကာကွယ်‌ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို  ၂၀၂၁ခုနှစ်၊ သြဂုတ်လ ၄ ရက်နေ့မှ စတင်ထိုးနှံ‌ပေးလျက်ရှိရာ ၂၀၂၂ခုနှစ်၊မတ်လ ၂၇ ရက်နေ့အထိ လူဦးရေစုစုပေါင်း (၁၃၆၆၈)ဦးထိုးနှံပေးနိုင်ခဲ့ပြီး  အသက်(၁၈)နှစ်ပြည့်ပြီးလူတိုင်း  ကာကွယ်ဆေးရာနှုန်းပြည့်    ထိုးနှံနိုင်ရေးအတွက်    နေ့စဉ်ကျေးရွာများသို့ အရောက် ကွင်းဆင်းထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ပိုင်ကျုံမြို့ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများတို့ကပူးပေါင်း၍ ပြည်သူများကာကွယ်‌ဆေးထိုးနှံရာတွင် အဆင်‌ပြေလွယ်ကူစေရန်အတွက်  ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရသည်။

သတင်း - နော်ခူး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)