ပေါင်မြို့နယ်တွင် ယာဉ်လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီ၏ ၂၀၂၂ ခုနှစ် ကော်မတီရွေးချယ်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်တွင် ယာဉ်လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီ၏ ၂၀၂၂ ခုနှစ် ကော်မတီရွေးချယ်ပွဲကျင်းပ


MNP - မတ်    ၃၀

မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်တွင် ယာဉ်လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီ၏ ၂၀၂၂ ခုနှစ် အတွက် ကော်မတီရွေးချယ်ပွဲကို ယမန်‌နေ့က မြို့နယ်အစည်းဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပေါင်မြို့နယ်ကော်မတီ ရွေးချယ်ပွဲကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချိုက အမှာစကားပြောကြားခဲ့ပြီးနောက် ပေါင်မြို့နယ် ကော်မတီရွေးချယ်ပွဲ ကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိုက်ထွန်းမှ ကော်မတီရွေးချယ်ရေး စည်းကမ်းများအတိုင်း စနစ်တကျ ရွေးချယ်သွားမည်ဖြစ်သည့်အတွက်  ဆန္ဒမဲပေးသူများမှ မိမိကြိုက်နှစ်သက်ရာ‌ကို မဲပေးရွေးချယ်နိုင်‌ကြောင်း၊ ပုဂ္ဂလိကယာဉ်များ စနစ်တကျ ပြေးဆွဲသွားလာရေး ဥပဒေ၊ ပုဒ်မ (၄)နှင့် နည်းဥပဒေများ၊ အခန်း(၃) နည်းဥပဒေ (၁၅၊၁၆၊၁၇) ပါသတ်မှတ်ပြဌာန်းချက်များနှင့်အညီ ပေါင်မြို့နယ် ယာဉ်လုပ်ငန်းများ၊ ထိန်းသိမ်း ကြီးကြပ်ရေးကော်မတီဝင်များ၊ ရွေးချယ်ပွဲကို နည်းဥပဒေ (၁၅) ပါ ရွေးချယ်ပွဲကြီးကြပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကော်မတီဝင်အဖြစ် ပါဝင်ဆောင်ရွက်လိုကြောင်း အမည်စာရင်း တင်သွင်းကြသည့် သက်ဆိုင်ရာကော်မတီတွင် မှတ်ပုံတင်ထားသည့် အဖွဲ့ဝင်ယာဉ်ပိုင်ရှင် (သို့မဟုတ်) ယာဉ်လုပ်ငန်းလုပ်ကိုင်သူ၊ အဖွဲ့ဝင် ယာဉ်ပိုင်ရှင်တို့၏ လျှို့ဝှက်ဆန္ဒမဲပေး၍ ရွေးချယ်ခဲ့ရာ တစ်ဦးချင်းရရှိမည့် ဆန္ဒမဲအရေအတွက်များကို စနစ်တကျ ပြုလုပ် ဆောင်ရွက်ကြရန် ဆွေးနွေးသည်။

ထို့နောက် ကော်မတီရွေးချယ်ပွဲကြီးကြပ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ခရိုင်ပို့ဆောင်ရေးစီမံကိန်း ဦးစီးမှူးက လက်ရှိ ယာဉ်လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ယာဉ်ပိုင်ရှင်များမှ ဆန္ဒမဲပေး၍ ရွေးချယ်ခြင်း၊ အနိုင်ရရှိသည့် ကိုယ်စားလှယ်လောင်းများအား ကြေညာ သတ်မှတ်ခဲ့သည်။ ကိုယ်စားလှယ်လောင်း (၉) ဦးမှ (၅) ဦးကိုရွေးချယ်ခဲ့ပြီး စုစုပေါင်းမဲပေးသူ (၈၉) ဦးက ရွေးချယ်ခဲ့‌ကြောင်း သိရသည်။

သတင်း - တင်ဇာစိုး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)