ကော့ကရိတ်မြို့၌ သတင်းဗီဒီယိုရိုက်ကူးတည်းဖြတ်နည်း သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကော့ကရိတ်မြို့၌ သတင်းဗီဒီယိုရိုက်ကူးတည်းဖြတ်နည်း သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ



MNP - မတ်    ၃၀

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် သတင်းဗီဒီယိုရိုက်ကူး တည်းဖြတ်နည်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီခွဲအချိန်က ကော့ကရိတ်ခရိုင်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်လေးနွယ်က ကော့ကရိတ်ခရိုင်အတွင်းရှိ သင်တန်းသို့ တက်ရောက်ကြမည့် ဝန်ထမ်းများ အနေဖြင့် မိမိတို့ဌာနသည် နေ့စဉ်သတင်းဗီဒီယိုများ ပေးပို့ရာတွင် အခြေခံသဘောတရားများကို သိရှိနားလည်ပြီး လက်တွေ့အသုံးချနိုင်စေရန်အတွက် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရ ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် သင်တန်းနည်းပြ (၃)ဦးတို့က ကော့ကရိတ်ခရိုင်အတွင်းရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  သင်တန်းသား/ သူ (၁၀)ဦးတို့အား သတင်းရယူနည်း၊ သတင်းတည်ဆောက်နည်း၊ သတင်းရေး သားနည်း၊ သတင်းကောင်းတစ်ပုဒ်၏တန်ဖိုး၊ သတင်းရေးသားရာတွင် သတိပြုရမည့်အချက်၊ သတင်းတည်းဖြတ်ရာတွင် အလေးထားရမည့် စံသတ်မှတ်ချက်များနှင့် မိုဘိုင်းဖုန်းဖြင့် ကင်မရာအသုံးပြုနည်း၊ ရိုက်ကူးပြီး ရုပ်သံများကို မိုဘိုင်းဖုန်းဖြင့် ဗီဒီယို တည်းဖြတ်နည်းများကို စာတွေ့လက်တွေ့ သင်ကြားပို့ချကြောင်း သိရသည်။ အဆိုပါသင်တန်းကို မတ် ၃၀ ရက်နေ့မှ ၃၁ ရက်နေ့အထိ ၂ ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - စောအောင်မျိုးလွင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)