မဟာသင်္ကြန်ပွဲတော်စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများဖွဲ့စည်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မဟာသင်္ကြန်ပွဲတော်စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများဖွဲ့စည်း

 


MNP  မတ်   ၂၇

 စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့တွင် မဟာသင်္ကြန်ပွဲတော်ကို မြန်မာ့ယဉ်ကျေးမှုနှင့်အညီ စည်းကမ်းတကျ စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ရွှေဘိုခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။

 ရှေးဦးစွာရွှေဘိုခရိုင် အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးဦး ကမြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်း ပနိုင်ရေးအတွက်ယခုလို ဦးစီးကော်မတီများ၊ လုပ်ငန်းကော်မတီများ သတ် မှတ်ပေးရခြင်းဖြစ်ကြောင်းနှင့် မဟာသင်္ကြန်အောင်မြင်စွာကျင်းပနိုင်ရေး မိမိတို့တာဝန်ကျ ကော်မတီများက ဝိုင်းဝန်းဆောင်ရွက်ကြရန်ပြောကြားခဲ့ကြောင်း သိရသည်။ တာဝန်ကျ ကော်မတီများအနေဖြင့် ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များအချိန်မီပြီးစီးအောင် အကောင် အထည် ဖော်ဆောင်ရွက်ကြရန်နှင့် အခြားလိုအပ်ချက်များရှိပါက ဦးစီးကော်မတီသို့အချိန်နှင့်တ ပြေးညီတင်ပြဆောင်ရွက်မှာကြားခဲ့ကြောင်း သိရသည်။

သတင်း - စိုးသီဟ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)