မင်းလှမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်စွာ ဖြေဆိုနိုင်ရေး အတွင်းစည်း၊ အပြင်စည်း လုံခြုံရေး ဆောင်ရွက်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းလှမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်စွာ ဖြေဆိုနိုင်ရေး အတွင်းစည်း၊ အပြင်စည်း လုံခြုံရေး ဆောင်ရွက်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ



MNP - မတ်    ၂၄

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ ၂၀၂၁_၂၀၂၂ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာဖြေဆိုနိုင်ရေး၊ အတွင်းစည်း၊ အပြင်စည်းလုံခြုံရေး ဆောင်ရွက်ရန် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မင်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသန်းထွန်းအောင်မှ မင်းလှမြို့နယ်၌ ၂၀၂၁_၂၀၂၂ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား/ ကျောင်းသူများ စာမေးပွဲဖြေဆိုရာ၌ ဌာနဆိုင်ရာများအား အပြင်စည်းလုံခြုံရေး တာဝန်ထမ်း ဆောင်ရွက်ရန် ဖွဲ့စည်းတာဝန် ပေးထားပြီးဖြစ်ကြောင်း၊ စာစစ်ဌာနများအလိုက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များက တာဝန်ကျ စာစစ်ဌာနများအား ထပ်ဆင့်ကြီးကြပ်ရန်၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ လုံခြုံရေးတပ်ရင်း၊ တပ်ဖွဲ့ဝင် များ၊ မြို့နယ်ပညာရေးမှူးရုံး၊ သက်ဆိုင်ရာစာစစ်ဌာနများမှ ကြီးကြပ်ရေးမှူးများ၊ တာဝန်ကျအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများအနေဖြင့် မိမိတာဝန်ထမ်းဆောင်ချိန်အတွင်း ထူးခြားဖြစ်စဉ်များဖြစ်ပွားပါက အချိန်နှင့်တပြေးညီ ဖြေရှင်း ဆောင်ရွက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ ဖြေဆိုနိုင် ရေးကြီးကြပ်ဆောင်ရွက်သွားရန်တို့ကို ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ပညာရေးမှူးဦးဇော်ဝင်းက  တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနိုင်ရေးအတွက် စီမံဆောင်ရွက်ထားရှိမှုများအား ဆွေးနွေးပြောကြားခဲ့သည်။ ယင်းနောက် အစည်းအဝေးတက်ရောက်လာသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ များ၊ စာစစ်ဌာနများမှ ကြီးကြပ်ရေးမှူး ဆရာ/ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက  တက္ကသိုလ်ဝင် စာမေးပွဲ ကျင်းပ ပြုလုပ်နိုင်ရေး ဆောင်ရွက်မည့်လုပ်ငန်းများအား ဆွေးနွေးခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ဆွေးနွေးချက်များ အပေါ် လိုအပ်သည်များအား ဖြည့်စွက်ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။

သတင်း - ဇာဇာ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)