ဒေးဒရဲမြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးများ လက်ဝယ်အရောက် ထောက်ပံ့ငွေများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒေးဒရဲမြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးများ လက်ဝယ်အရောက် ထောက်ပံ့ငွေများပေးအပ်

 


MNP - မတ်    ၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးများအား ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလများအတွက် ထောက်ပံ့ငွေ တစ်လလျှင် (၁၅၀၀၀)ကျပ် နှုန်းဖြင့် (၃)လစာ ထောက်ပံ့ငွေများအား လက်ဝယ်အရောက် ပေးအပ်ခြင်းကို ယမန်နေ့က စတင်၍ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နီနီမြင့်နှင့် ဝန်ထမ်းများ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင် (၂၉၈၉)ဦး၊ အသက်(၂)နှစ်အောက် ကလေး (၁၉၉၀) ဦး စုစုပေါင်း (၄၉၇၉)ဦးအတွက် ငွေကျပ်(၂၁၉၆)သိန်းအား ထောက်ပံ့ပေးအပ်သွားမည်ဖြစ် ကြောင်း မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။

သတင်း - အေဇာလင်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)