မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း မော်လမြိုင်စက်မှုဇုန် မြစ်ရေတင်စီမံကိန်း ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း မော်လမြိုင်စက်မှုဇုန် မြစ်ရေတင်စီမံကိန်း ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ


MNP – မတ် ၂၉

မွန်ပြည်နယ်အတွင်း စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတက်စေရေး၊ ဒေသထွက် စက်မှု၊ လက်မှုပစ္စည်းများ၊ ပိုမိုတိုးတက်စွာ ဆောင်ရွက်နိုင်ရေး၊ စက်မှုဇုန်များနှင့် စက်ရုံစုများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ မော်လမြိုင်စက်မှုဇုန် မြစ်ရေတင်စီမံကိန်း ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ စက်မှုဇုန်စီမံခွဲရေးကော်မတီမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က စက်မှုလုပ်ငန်းနှင့် ပတ်သက်၍ ရေရရှိစေရေး၊ အဓိကအရေး ကြီးသည့်အပြင် စက်မှုဇုန်နှင့် ဆက်စပ်သည့် ရပ်ကွက်ရှိ ရပ်ကွက်နေပြည်သူများပါ သောက်သုံး ရေ ရရှိစေရေး အထူးလိုအပ်ပါကြောင်း၊ စက်မှုဇုန်ကြီးကြပ်ရေး ကော်မတီအနေဖြင့်လည်း လိုအပ်သည်များကို ကြီးကြပ်ဆောင်ရွက်ကြစေရေး၊ သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် တာဝန်ရှိ သူများကလည်း မြစ်ရေတင်စီမံကိန်းအား မိုးကာလမကျမီ ဆောင်ရွက်ကြစေလိုကြောင်း လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက် ပေးကြရန် လမ်းညွှန်ပြောကြားခဲ့သည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများက မော်လမြိုင်စက်မှုဇုန်တွင် မြစ်ရေတင်စီမံကိန်း လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အကြံပြုတင်ပြ ဆွေးနွေးခဲ့ကြမှုအပေါ် ပြည်နယ် ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

မော်လမြိုင်မြို့တွင် နေ့စဉ်ရေပေးဝေနိုင်မှုအနေဖြင့် အတ္တရံ (၁) မြစ်ရေတင်စီမံကိန်း၊ အတ္တရံ (၂) မြစ်ရေတင်စီမံကိန်း၊ ကင်ပွန်းခြုံဆည်ရေနှင့် ရွှေနတ်တောင်ဆည်ရေတို့မှ စုစုပေါင်း ရေဂါလံ (၆၇၀)သိန်း ရေပေးဝေလျက်ရှိကြောင်း၊ မြို့ပေါ်ရပ်ကွက် (၂၉)ရပ်ကွက်တွင် ရေပေးဝေ ရပ်ကွက် (၂၃)ရပ်ကွက်ရှိကြောင်း ယခု မော်လမြိုင်စက်မှုဇုန်အတွက် မြစ်ရေတင်စီမံကိန်း ဆောင်ရွက်နိုင်ရေး အထူးအလေးပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)