မိုင်းပျဉ်းမြို့တွင် ပညာရေးဝန်ထမ်းများ စီမံခန့်ခွဲမှု မွမ်းမံသင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းပျဉ်းမြို့တွင် ပညာရေးဝန်ထမ်းများ စီမံခန့်ခွဲမှု မွမ်းမံသင်တန်းဖွင့်လှစ်



MNP -  မတ်   ၃၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ပညာရေးဌာန၏ ၂၀၂၁−၂၀၂၂ ပညာသင်နှစ် ပညာရေးဝန်ထမ်း ဆရာ/ဆရာမများ စီမံခန့်ခွဲမှု မွမ်းမံသင်တန်းကို ယမန်နေ့ မွန်းလွှဲ(၂)နာရီက အမကကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဒေါ်နန်းဟွမ်နွမ်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြေကြားပါသည်။ ထိုနောက် တက်ရောက်လာသော သင်တန်းသား/သူ ဆရာ/မများကို သင်တန်းနည်းပြများဖြစ်သော ဒေါ်နန်းဟွမ်နွမ်း (ပညာရေးမှူး)က စီမံဘာသာရပ်၊ ဦးမျိုးမင်းလတ် (ဒုမြို့နယ်ပညာရေးမှူး)က ဘဏ္ဍာဘာသာရပ်၊ ဦးကျော်လွင် (ဒုမြို့နယ် ပညာရေးမှူး) က ICTနှင့် စီမံကိန်းရေးဆွဲရေးဘာသာရပ်နှင့် ဒေါ်သီတာခိုင် (အထကကျောင်းအုပ်)က သင်ကြားသင်ယူမှု ဘာသာရပ်တို့ကို အလှည့်ကျ ဆွေးနွေးပို့ချပေးခဲ့ကြကြောင်း သိရှိရပါသည်။

အဆိုပါသင်တန်းကို ဇန်နဝါရီလမှစတင်၍ တစ်လလျှင်တစ်ရက် လစဉ်ပို့ချလာခဲ့ရာ ယခုမတ်လတွင် အပြီးသတ်ပို့ချပေးခြင်းဖြစ်ပြီး သင်တန်းသား/သူ ဆရာ/မစုစုပေါင်း (၄၉)ဦး တက်ရောက်ကြကြောင်း ပညာရေးဌာနမှ သတင်းရရှိပါသည်။

သတင်း - နန်းသန္တာဦး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)