ပြည်ထဲရေးဝန်ကြီးဌာနမှ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထဲရေးဝန်ကြီးဌာနမှ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်



MNP -  မတ်   ၂၇

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ ဟိုပန်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ယမန်နေ့နံနက် ၈ နာရီအချိန်က ဟိုပန်မြို့၊ ရဌပါလမဟာဗောဓိကျောင်းတိုက်သို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

ဟိုပန်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး ညွှန်ကြားရေးမှူးဦးကျော်စိုးတင့်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲဝင်းထိုက်နှင့် ဝန်ထမ်းများသည် ရဌပါလမဟာဗောဓိကျောင်းတိုက်တွင်သီတင်းသုံးနေထိုင်တော်မူသောရဟန်း(၆)ပါး၊ သာမဏေ (၂၀)ပါးတို့ကို ဆွမ်းဆန်တော်(၈)အိတ်  ဆက်ကပ်လှူဒါန်းခဲ့ပြီး ကျန်ရှိသည့်ကျောင်းတိုက်များသို့လည်း လစဉ်ဆက်ကပ်လှူဒါန်း သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)