ပိုင်ကျုံမြို့၊ ထန်းတပင်ကျေးရွာအုပ်စု၊ ထန်းတပင်-မဲသပုံ-ကွီးကျယ် ကျေးရွာချင်းဆက်လမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်း(၈၅) ရာခိုင်နှုန်းပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပိုင်ကျုံမြို့၊ ထန်းတပင်ကျေးရွာအုပ်စု၊ ထန်းတပင်-မဲသပုံ-ကွီးကျယ် ကျေးရွာချင်းဆက်လမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်း(၈၅) ရာခိုင်နှုန်းပြီးစီး


MNP - မတ်   ၂၉

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့အတွင်းရှိ ပြည်သူများ၏ လူနေမှုဘဝ တိုးတက်မြင့်မားလာစေရေးနှင့် သွားလာရေးလွယ်ကူအဆင်ပြေစေရန် ရည်ရွယ်၍ ကျေးလက်လမ်း ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ထန်းတပင်ကျေးရွာ အုပ်စု၊ ထန်းတပင်-မဲသပုံ-ကွီးကျယ် ကျေးရွာချင်းဆက်‌ မြေသားလမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ (၈၅)ရာခိုင်နှုန်းခန့် ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါလမ်းသည် ထန်းတပင်-မဲသပုံ‌-ကွီးကျယ်ရေတံခွန်အထိ ဆက်သွယ်ထားသည့်လမ်းဖြစ်ပြီး   အရှည်(၁.၆၀၉) ကီလိုမီတာရှိ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းကို ၂၀၂၁-၂၀၂၂ခုနှစ်၊ ဒုတိယ(၆) လပတ်ဘဏ္ဍာရေးနှစ်အတွင်း ကရင်ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ခွင့်ပြုရန်ပုံငွေကျပ် (၂၆၈.၃၀၀)သန်းဖြင့် အကောင် အထည်‌ဖော်ဆောင်ရွက်လျက်‌ရှိကြောင်း၊ ယင်းလမ်း‌ခင်းခြင်းလုပ်ငန်းများ အချိန်မီပြီးစီးနိုင်ရေးအတွက် ကရင်ပြည်နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှတာဝန်ရှိသူတို့က အနီးကပ်ကြီးကြပ်မှုဖြင့် ဆောင်ရွက်နေခြင်း ဖြစ်သည်။

ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းပြီးစီးပါက ပိုင်ကျုံမြို့အတွင်းရှိ ဒေသခံပြည်သူများနှင့်ခရီးသွား ပြည်သူများ အနေဖြင့် ဥတုသုံးပါးစလုံး  အဆင်ပြေလွယ်ကူစွာ သွားလာနိုင်သည့်အပြင် ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ပိုမိုလွယ်ကူ အဆင်‌ပြေလာမည်ဖြစ်ကြောင်း သိရသည်။

သတင်း - နော်ခူး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)