နမ့်စန်တွင် တက္ကသိုလ်ဝင် စာမေးပွဲကျင်းပမည့် စာစစ်ဌာနအတွင်း မီးဘေးလုံခြုံရေးနှင့် အခြားလိုအပ်သည်များ ကွင်းဆင်း စစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နမ့်စန်တွင် တက္ကသိုလ်ဝင် စာမေးပွဲကျင်းပမည့် စာစစ်ဌာနအတွင်း မီးဘေးလုံခြုံရေးနှင့် အခြားလိုအပ်သည်များ ကွင်းဆင်း စစ်ဆေး



MNP - မတ်   ၂၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် ကာလအတွင်း မီးဘေးအန္တရာယ်များ မဖြစ်ပွားဘဲ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရန်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများ ပါဝင်သော ပူးပေါင်း အဖွဲ့သည် ယနေ့ နံနက် ၉ နာရီ က  အမှတ် (၂) ရပ်ကွက်ရှိ အထက (နမ့်စန်) စာစစ်ဌာနအတွင်း မီးဘေးလုံခြုံရေး ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်နိုင်စိုး၊မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးအောင်နိုင်ဦး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်အောင်၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးမျိုးမြင့်သန်း၊ မြို့နယ်ပညာရေးမှူး ဦးမြင့်လွင်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက စာစစ်ဌာနအတွင်းရှိ စာဖြေအဆောင်များနှင့် အခန်းများ အလိုက် မီးဘေးလုံခြုံရေးစစ်ဆေးပေးခြင်း၊ မီးသတ်ဆေးဗူးများစစ်ဆေးခြင်း၊ လျှပ်စစ်မီးသွယ်တန်းထားမှု အခြေအနေများ စစ်ဆေးခြင်းနှင့်  ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများကို စစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို သက်ဆိုင်ရာတာဝန်ရှိသူများက ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

နမ့်စန်မြို့နယ်တွင် ၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက်နေ့၌ စတင်ကျင်းပမည့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲတွင် အထက(နမ့်စန်) စာစစ်ဌာနနှင့်၊ အထက(ခိုလန်) စာစစ်ဌာန ၂ ခု၌ အတွင်းဖြေ ကျောင်းသား၊ ကျောင်းသူ(၄၀၆)ဦး၊ အပြင်ဖြေ ကျောင်းသား၊ကျောင်းသူ (၃၄၇) ဦး၊ စုစုပေါင်း (၇၅၃) ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)