ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် ခရိုင်ဦးစီးမှူးတို့သည် ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ကုတင်ကျင်းကျေးရွာသို့ ကွင်းဆင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် ခရိုင်ဦးစီးမှူးတို့သည် ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ကုတင်ကျင်းကျေးရွာသို့ ကွင်းဆင်း



MNP - မတ်     ၃

ပဲခူးတိုင်းဒေသကြီး‌၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးအောင်၊ ပြည်ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဟန်မြင့်ထွန်းနှင့် အဖွဲ့သည် ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ကုတင်ကျင်းကျေးရွာသို့ ယမန်နေ့ နံက်ပိုင်းက ကွင်းဆင်းခဲ့ကြောင်း သိရသည်။

ထို့နောက်၂၀၂၁-၂၀၂၂  (၆လ) ဘဏ္ဍာရေးနှစ်တွင် ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်သည့် ကုတင် ကျင်းကျေးရွာ မြေသား‌ ရေကန်တူး‌ဖော်ခြင်းလုပ်ငန်းနှင့် ထက်မြက်သစ္စာကုမ္ပဏီမှ အကောင်အထည်ဖော် ဆောင်ရွက်‌နေသောကြိုးကြာကျေးရွာ ကျေးလက် ကုန်ထုတ်လမ်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေ၊ ရေပေးရေးလုပ်ငန်းများနှင့် ကုန်ထုတ်လမ်းများရှိရာ  ကျေးရွာများသို့ သွားရောက်၍ ကွင်းဆင်းစစ်‌ဆေး ဆောင်ရွက် ခဲ့ကြပြီး ရေရရှိရေးလုပ်ငန်း၊ ကျေးလက်ကုန်ထုတ်လမ်းနှင့် ပတ်သက်၍ လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။

သတင်း - သင်းသင်းအေး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)