MNP - မတ် ၂၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် စစ်ဗျူဟာအခြေချ(လှိုင်းဘွဲ)စစ်ဗျူဟာမှူး ဦးဆောင်၍ စစ်ဗျူဟာ အခြေချ(လှိုင်းဘွဲ)ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/တပ်ဖွဲ့ဝင်များမှ အရာရှိဇနီးသည်များအား (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် ကျပန်းစကားပြော ပြိုင်ပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အမှတ်(၂၈) ခြေလျင်တပ်ရင်း ဒေါနခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ ကျပန်းစကားပြောပြိုင်ပွဲတွင် စစ်ဗျူဟာအခြေချ(လှိုင်းဘွဲ) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စံထူးကျော်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး စစ်ဗျူဟာ အခြေချ(လှိုင်းဘွဲ)ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/တပ်ဖွဲ့ဝင်များမှ အရာရှိဇနီးသည်များက (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အဖြစ် တပ်မတော်သားများနှင့်အတူ ကျရာဏ္ဍမှ နိုင်ငံ့တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်နေကြသော ရဲမေများ၏ ရဲစွမ်းသတ္တိကို ထင်ဟပ်စေသော “အရောင်မပြောင်းလဲသော သစ္စာတရား၊ တပ်မတော်ရဲ့ အဓိက ကာကွယ်ရေး အရန်အင်အား ရဲမေများရဲ့ စွမ်းပကား၊ ကျီးကိုဘုတ်ရိုသေ၊ ဘုတ်ကို ကျီးရိုသေ” ခေါင်းစဉ်(၃)ခုအား မဲနှိုက်ရွေးချယ်မှုစနစ်ဖြင့် မိမိကျရာခေါင်းစဉ်များကို ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
ထို့နောက် အမှတ်ပေးဒိုင်(၅)ဦးမှ ရွေးချယ်သော ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆု(၂)ဆုတို့ကို ရွေးချယ်ကာ ဆုရရှိသူများအား စစ်ဗျူဟာအခြေချ(လှိုင်းဘွဲ) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စံထူးကျော်နှင့် တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့ကြပြီးနောက် စစ်ဗျူဟာအခြေချ (လှိုင်းဘွဲ) စစ်ဗျူဟာမှူးက နိဂုံးချုပ် အမှာစကားပြောကြား ပေးခဲ့ကြောင်း သိရှိရသည်။
သတင်း - စောဒိ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment