MNP - မတ် ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်အတွင်း ပြည်သူများ ဘေးကင်းလုံခြုံမှု ရှိစေရေးအတွက် မတ် ၂၆ ရက် ညပိုင်းတွင် ဧည့်စာရင်းစစ်ဆေးခြင်း လုပ်ငန်းများကို ပူးပေါင်းအဖွဲ့က မြို့ပေါ်ရပ်ကွက်များအတွင်းသို့ အရှိန်အဟုန်မြှင့် လှည့်လည် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် အမှတ်(၂၈၁)မှ အရာရှိနှင့် တပ်ဖွဲ့ဝင်များ၊ မိုင်းယန်းမြို့မရဲစခန်းမှ ဒုရဲမှူး မျိုးညွှန့်ဦးစီးသော ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က အများပြည်သူလုံခြုံရေး၊ မှုခင်းကြိုတင်ကာကွယ်ရေး၊ တရားဥပဒေစိုးမိုးရေး တို့အတွက် ဧည့်စာရင်းစစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
တရားဥပဒေစိုးမိုးရေး၊ နယ်မြေအေးချမ်းလုံခြုံရေး၊ မှုခင်းများလျော့နည်း ကျဆင်းစေရေး၊ ပြည်သူများ စိတ်အေးချမ်းသားစွာ နေထိုင်နိုင်စေရေးတို့အတွက် စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - ခွန်ရဲထွေး
မြန်မာနေရှင်နယ်ပိုစ့်
No comments:
Post a Comment