လိပ်သိုမြို့၌စာစစ် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် စစစ်ဌာန မီးဘေးလုံခြုံရေးအတွက် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လိပ်သိုမြို့၌စာစစ် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် စစစ်ဌာန မီးဘေးလုံခြုံရေးအတွက် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

 



MNP -  မတ်  ၂၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်‌သိုမြို့တွင်   တက္ကသိုလ်ဝင်တန်းဖြေဆိုမည့်   ကျောင်းသား/ ကျောင်းသူများ   စိတ်အေးချမ်းစွာ  ဖြေဆိုနိုင်ရန်စာစစ်ဌာန  မီးဘေးလုံခြုံရေးကို   ယမန်နေ့က   လိပ်သိုမြို့မီးသတ်ဦးစီးဌာန  တာဝန်ရှိသူများက  ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ ကြောင်း  သိရသည်။

ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင်   မီးသတ်ဆေးဗူးများ  ကောင်းမွန်စွာအသုံးပြုနိုင်ရေး ၊ မီးချိတ်၊ မီးကတ်၊  သဲပုံးရေပုံးများ   ပြည့်စုံစွာထားရှိရေး၊ ရေရရှိရေးတို့ကို    စစ်ဆေးပြီး၊ မီးဘေး အန္တရာယ်ကင်းဝေးစေရန်  ဟောင်းနွမ်းဆွေးမြေ့နေသော  လျှပ်စစ်ဝါယာကြိုးများ  အသုံးမပြုဘဲ  လုံခြုံစိတ်ချရသော  ဝါယာကြိုးများ  အသုံးပြုရန်၊ မီးလောင်လွယ်သော   အမှိုက်သရိုက် များနှင့်  ပစ္စည်းများ  ရှင်းလင်းထားရှိရန်နှင့်  မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ   အကြံပြု ခြင်းများကို  ဆောင်ရွက်ပေးခဲ့ကြောင်း  သိရသည်။

သတင်း - နီလာအေး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)