နောင်ချိုမြို့နယ်၌ ငွေကျပ်သိန်း ၁,၉၈၀ တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နောင်ချိုမြို့နယ်၌ ငွေကျပ်သိန်း ၁,၉၈၀ တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ


MNP - မတ်    ၂၉

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၂၇ ရက် ညနေ ၃ နာရီတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ လားရှိုး-မန္တလေး သွားကားလမ်း၊ အိုရီယမ်တယ် တိုးဂိတ်အနီး ကျောက်မဲမှ မန္တလေးဘက်သို့ မျိုးမင်း(၄၀)နှစ် မောင်းနှင်လာသည့်

ISUZU ကွန်တိန်နာဘောက်ယာဉ်အား သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဒေသ ကာလတန်ဖိုး ငွေကျပ်သိန်း ၁,၉၈၀ တန်ဖိုးရှိ ဘိန်းဖြူ ၁၃ ဒသမ ၂ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေး ဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ ဘိန်းဖြူများအား ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ မန္တလေးတိုင်း ဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက် ရှိကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)