ဗန်းမောက်မြို့နယ်၌ နောင်မလင် ကုန်ထုတ်လမ်းဖောက်လုပ်ခြင်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗန်းမောက်မြို့နယ်၌ နောင်မလင် ကုန်ထုတ်လမ်းဖောက်လုပ်ခြင်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး


MNP - မတ်    ၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် စာခမ်းအုပ်စု၊ နောင်မလင်ကျေးရွာတွင် ဇန်နဝါရီလမှစတင်ပြီး နောင်မလင် ကုန်ထုတ်လမ်းဖောက်လုပ်ခြင်းနှင့် ကွန်ကရစ်တံတားသုံးစင်း တည်ဆောက်ခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးသွားပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ နောင်မလင်ကုန်ထုတ်လမ်းဖောက်လုပ်ခြင်းနှင့် ကွန်ကရစ်တံတား(၃)စင်းတည်ဆောက်ခြင်း လုပ်ငန်းကို ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်ထောင်စု (၆)လ ဘတ်ဂျက်ခွင့်ပြုရန်ပုံငွေ ၈၇ ဒဿမ ၂၀၀ သန်းဖြင့် အရှည်(၁)မိုင် (၆)ဖာလုံ၊ အကျယ် (၁၂)ပေနှင့် အမြင့် (၂)ပေထုရှိ ဂျင်းမြေခင်းခြင်းလုပ်ငန်းနှင့် အဆိုပါလမ်းပေါ်ရှိ အလျား(၉)ပေ၊ အနံ(၁၈)ပေနှင့် အမြင့်(၅)ပေရှိ ကွန်ကရစ်တံတား(၁)စင်း၊ အလျား(၇)ပေ၊ အနံ(၁၈)ပေနှင့် အမြင့်(၄)ပေရှိ ကွန်ကရစ်တံတား(၁)စင်းနှင့် အလျား(၁၉)ပေ၊ အနံ(၄)ပေနှင့် အမြင့်(၉)ပေရှိ ကွန်ကရစ်တံတား(၁)စင်း၊ စုစုပေါင်း တံတား(၃)စင်းအား တင်ဒါအောင်မြင်ခဲ့သော Best Forwart ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါနောင်မလင် ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးသွားပြီ ဖြစ်၍ ကျေးရွာရှိ အိမ်ခြေ(၁၄)အိမ်၊ လူဦးရေ(၈၇၂)ဦးတို့၏ လယ်ယာစိုက်ပျိုးမြေဧက(၁၈၄)ဧကတို့မှ ထွက်ရှိသော စပါးများနှင့်အခြားသီးနှံထွက်ကုန်များကို ဈေးကွက်အတွင်းသို့ ကုန်ကျမှုစရိတ် သက်သာစွာဖြင့် ရာသီမရွေး အလွယ်တကူ သယ်ယူပို့ဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

သတင်း - မေသူဟန်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)