ဘိုကလေးမြို့နယ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ပထမနေ့ စတင်ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘိုကလေးမြို့နယ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ပထမနေ့ စတင်ဖြေဆို

MNP - မတ်   ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ်အား စာစစ်ဌာန(၁၀)ခုဖြင့် ယနေ့နံနက် (၉)နာရီမှစတင်၍ အေးချမ်းစွာဖြင့် စတင်ဖြေဆိုခဲ့ကြသည်။

ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေးနှင့် စာမေးပွဲအား အဆင်ပြေချောမွေ့စွာ ကျင်းပနိုင်ရေးအတွက် စာစစ်ဌာန ပြင်ပများ၌ မြို့နယ်ပညာရေးမှူး အပါအဝင် မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ အရန်မီးသတ်တပ်ဖွဲ့များနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များမှ ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိသည်။

ယနေ့ဖြေဆိုသည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ်အား ဘိုကလေးမြို့နယ်အနေဖြင့် ဝင်ရောက်ဖြေဆိုသူ‌ ကျောင်းတွင်းဖြေ (၁၁၄၂)ဦးနှင့် ကျောင်းပြင်ပဖြေ (၆၉၁)ဦး၊ စုစုပေါင်း (၁၈၃၃)ဦးရှိကြောင်း၊ ရာခိုင်နှုန်းအားဖြင့် ဝင်ရောက်ဖြေဆိုရမည့် စာရင်းရှိ ကျောင်းသား/ သူ ဦးရေ၏ (၉၀) ရာခိုင်နှုန်း ဝင်ရောက်ဖြေဆိုကြပြီး (၁၀)ရာခိုင်နှုန်း ဖြေဆိုမှု ပျက်ကွက်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။

သတင်း - မိုးစက်

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)