MNP - မတ် ၂၉
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင် မက်မန်းမြို့တွင် အသံမစဲ မဟာပဌာန်းသိမ်း အောင်ပွဲနှင့် ဆွမ်းဆန် စိမ်းလောင်းလှူပွဲကို ယမန်နေ့နံနက် (၉) နာရီတွင် မင်းရန်အောင် စေတီတော်မြတ်၌ ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မက်မန်းခရိုင် အတွင်းရှိ ရပ်ဝေးရပ်နည်း ဘုန်းတော်ကြီး(၃၀)ကျောင်းမှ ရဟန်း(၅၀)ပါးနှင့် သံဃာတော်(၂၇၀)ပါးတို့ ကြွရောက်ခဲ့ကြပြီး ခရိုင်အဆင့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဒေသခံစေတနာရှင် ပြည်သူ များက ဆန်၊ ဆီ၊ ဆေး၊ ဆားနှင့် အခြားလှူဖွယ်ပစ္စည်းများဖြင့် လောင်းလှူခဲ့ကြပြီး မွန်းလွဲ(၁) နာရီတွင် မက်မန်းမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ပညာဒီပကျောင်းတိုက်၌ နေ့ဆွမ်း ဆက်ကပ် လှူဒါန်းခဲ့သည်။
ထို့နောက် မွန်းလွဲ(၁)နာရီတွင် မက်မန်းမြို့၊ အမှတ်( ၂ )ရပ်ကွက်ရှိ ပညာဒီ ပ ကျောင်းတိုက်၌ ထေရဝါဒ တောင်တန်းသာသနာပြု ပညာဒီပ ကျောင်းထိုင် ဆရာတော် အဂ္ဂမဟာသဒမ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တစန္ဒာသိရီ ဦးဆောင်သော ရဟန်းသံဃာတော်များနှင့် ခရိုင်၊ မြို့နယ်အဆင့် ဌာန ဆိုင်ရာများနှင့် ဒေသခံစေတနာရှင်ပြည်သူများက ငါးပါးသီလခံယူခဲ့ကြကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချ အမျှအတန်းပေးဝေ ခဲ့ကြကြောင်း သိရသည်။
သတင်း - ပန်းကျင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment