စစ်ကိုင်းမြို့ရှိ ရာဇမဏိစူဠာ ကောင်းမှုတော်ဘုရားကြီးတွင် အသံမစဲ မဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းမြို့ရှိ ရာဇမဏိစူဠာ ကောင်းမှုတော်ဘုရားကြီးတွင် အသံမစဲ မဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲကျင်းပ


MNP - မတ်    ၃

စစ်ကိုင်းမြို့ရှိ ရာဇမဏိစူဠာ ကောင်းမှုတော်ဘုရားကြီးတွင် အသံမစဲ မဟာပဌာန်းရွက်ဖတ် ပူဇော်ပွဲ ဖွင့်ပြွအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ဘုရားကြီးရင်ပြင်တော်ပေါ်ရှိ အောင်မြေဗောဓိဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် စစ်ကိုင်းတောင်ရိုးနှင့် မြို့မတိုက်နယ်အတွင်းရှိ ဆရာတော်/ သံဃာတော်များ ကြွရောက်တော်မူကြပြီး ခရိုင်/ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့များနှင့် ဌာနဆိုင်ရာများ၊ ဘုရား ဂေါပကအဖွဲ့များ တက်ရောက်ကြည်ညိုကြကာ ဆရာတော်/ သံဃာတော်များထံ လှူဖွယ်ဝတ္ထု ပစ္စည်းများ ကပ်လှူ၍ လှူဖွယ်ဝတ္ထုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။

ပဌာန်ရွတ်ဖတ်ပူဇော်ပွဲကို မတ်(၂)ရက်မှ (၁၁)ရက်နေ့အထိ (၁၀)ရက်တိုင်တိုင် ရွတ်ဖတ်ပူဇော်သွားမှာဖြစ်ပြီး နိုင်ငံတော်ကြီး အေးချမ်းသာယာ ဝပြောရေး ရရှိစေရေးအတွက်ရဉ်ရွယ်၍ ရွတ်ဖတ်ပူဇော်သွားမည် ဖြစ်ကြောင်းသိရသည်။

သတင်း - ဇော်မြင့်နိုင်

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)