ပုသိမ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမဆောင်တွင် လူမှုကွန်ရက်အသုံးပြုမှုဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုသိမ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမဆောင်တွင် လူမှုကွန်ရက်အသုံးပြုမှုဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

 


 MNP -   မတ်     ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမဆောင်အတွင်း၌ ယမန်နေ့နံနက် ၁၀ နာရီခွဲတွင် ကျင်းပသည့် လူမှုကွန်ရက်အသုံးပြုမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျင်းပရာ အခမ်းအနားသို့ ပုသိမ်တက္ကသိုလ်ပါမောက္ခချုပ်ကြီးဒေါက်တာသန်းထွန်း၊ ဧရာဝတီတိုင်းဒေသကြီး ဥပဒေချုပ်ရုံး ဒုတိယတိုင်းဒေသကြီး ဥပဒေအရာရှိ ဒေါ်အယ်လ်မာစိုး၊ ပုသိမ်တက္ကသိုလ် ဥပဒေပညာဌာနမှ ပါမောက္ခဌာနမှူးဒေါက်တာမြင့်နန္ဒာသိန်းနှင့် ဘာသာရပ်အလိုက် သင်ကြားပြ သသည့် ပါမောက္ခဌာနမှူးများ၊ ပုသိမ်ခရိုင်ရဲတပ်ဖွဲ့၊ သာပေါင်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ခိုင်စိုး၊ နှင့်ဘာသာရပ်အသီးသီးမှကျောင်းသား /ကျောင်းသူများစီမံဝန်ထမ်းများ တက်ရောက်ကြသည်။

ပုသိမ်တက္ကသိုလ်ပါမောက္ခချုပ်ကြီး ဒေါက်တာသန်းထွန်းက ဟောပြောပွဲကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ကျောင်းသား/သူများ လူမှုကွန်ရက်သုံးစွဲမှုများ၏ ကောင်းကျိုး/ဆိုးကျိုးများ၊ သတင်းတု/ သတင်းမှားများနှင့် နိုင်ငံရေးပယောဂများကြောင့် ဆရာ/ဆရာမများ အနေနဲ့ ယောင်မှားပြီး ပါဝင် ပတ်သက်ခြင်းများ မရှိအောင် ဟောပြောကြမည့် ပုဂ္ဂိုလ်များအား ကျေးဇူးတင်စကားပြောကြားသည်။

ရှေးဦးစွာ ပုသိမ်တက္ကသိုလ်ဥပဒေပညာဌာနမှ ပါမောက္ခဌာနမှူးဒေါက်တာမြင့်နန္ဒာသိန်းက လူမှုကွန်ရက်အသုံးပြုမှုများနှင့်ပတ်သက်၍ ညှိနှိုင်းနိုင်သည့် ဥပဒေအကြောင်းအရာများကို ဆွေးနွေးပြောကြားသည်၊၊ ဆက်လက်၍ သာပေါင်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ခိုင်စိုးက ရာဇဝတ်မှုနင့်ပတ်သက်သော ပြစ်မှုဆိုင်ရာဥပဒေများကို ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် ဧရာဝတီတိုင်းဒေသကြီး ဥပဒေချုပ်ရုံး ဒုတိယတိုင်းဒေသကြီး ဥပဒေအရာရှိ ဒေါ်အယ်လ်မာစိုးက အကြမ်းဖက်မှုနှင့် ရာဇဝတ်မှုဖြစ်စဉ်များတွင် ပါဝင်ပတ်သက်ခြင်းများကို အရေးယူဆောင်ရွက်ခြင်းများ ဖြစ်ပေါ်လာပါက ပြစ်မှုနှင့်ပြစ်ဒဏ်များ စသည့်အကြောင်းများကို ရှင်းလင်းဆွေးနွေးပြောကြားသည်။ ဟောပြောပွဲများအပြီးတွင် ပုသိမ်တက္ကသိုလ်ပါမောက္ခ ချုပ်ကြီးဒေါက်တာသန်းထွန်းက ဟောပြောခဲ့ကြသူသုံးဦးတို့အား အမှတ်တရ ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ကြောင်းသတင်း ရရှိသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)