စစ်ကိုင်းတိုင်း၊ မအူကျေးရွာတွင် လက်လုပ်သေနတ်ပြုလုပ်သူများအား ဖောက်ခွဲရေးပစ္စည်းနှင့်အတူ ဖမ်းမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်း၊ မအူကျေးရွာတွင် လက်လုပ်သေနတ်ပြုလုပ်သူများအား ဖောက်ခွဲရေးပစ္စည်းနှင့်အတူ ဖမ်းမိ




MNP ၊ မတ် ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ မအူပင်ကျေးရွာတွင် လက်လုပ်သေနတ်ပြုလုပ်နေသည့်သတင်းအရ စစ်ဆေးရှာဖွေရာ တရားခံများအား ဖောက်ခွဲရေးပစ္စည်းနှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။


ဖြစ်စဉ်မှာ ယနေ့ မတ် ၄ရက် နံနက် ၇ နာရီခွဲအချိန်တွင် စစ်ကိုင်းမြို့၏အနောက်ဘက် ၅ ကီလိုမီတာခန့် အကွာ မအူပင်ကျေးရွာတွင်နေထိုင်သော ကျော်ရဲအောင်သည် လက်လုပ်သေနတ်များပြုလုပ် နေကြောင်းသတင်းရရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ကျော်ရဲအောင်၊ ဘုန်းမော်၊ ဇောလင်းနိုင် တို့သုံးဦးအား လက်လုပ်သေနတ်အတို တစ်လက်၊ လက်ပစ်ဗုံးတစ်လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ ကြောင်း သိရသည်။


စစ်ကိုင်းတိုင်းဒေသကြီးအတွင်း NUGနှင့် PDF အကြမ်းဖက်အဖွဲ့ထောက်ခံသူများသည် အများပြည်သူထိတ်လန့်ထိခိုက်စေရန် ရည်ရွယ်၍ ဖောက်ခွဲအကြမ်းဖက်မှုများအား လုပ်ဆောင်လျက်ရှိရာ ယမန်နေ့ မတ်၃ရက် မွန်းလွဲပိုင်းကလည်း ကသာမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ မြို့နယ်မီတာ(၄၀၀)အားကစားကွင်း ပွဲကြည့်စင်အပေါ် ထပ်ထိုင်ခုံအောက်တွင် PDFအကြမ်းဖက်သောင်းကျန်းသူအဖွဲ့က လက်လုပ်မိုင်းတစ်လုံးထောင်ထားသည်ကိုတွေ့ရှိသဖြင့် မိုင်းရှင်းလင်းရေးအဖွဲ့ဖြင့်ဖော်ထုတ်ရှင်းလင်းခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)