ရပ်စောက်မြို့နယ် လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် စစ်ဆေးရှာဖွေခြင်းလုပ်ငန်းများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရပ်စောက်မြို့နယ် လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် စစ်ဆေးရှာဖွေခြင်းလုပ်ငန်းများ ဆောင်ရွက်

 


MNP - မတ်     ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ဗထူးတပ်နယ်မှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာများနှင့်  ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များအား စစ်ဆေး၊ ရှာဖွေခြင်းလုပ်ငန်းများကို မတ်လ ၂၆ ရက်နေ့ နံနက် ၈ နာရီမှ စတင်၍ မင်းကြီးသုံးပါးစစ်ဆေးရေးဂိတ်၊ နောင်ဘို ကျေးရွာ စစ်ဆေးရေးဂိတ်နှင့် ဇော်ဂျီ ရပ်ကွက်၊ မြဝတီဘဏ်အနီး စစ်ဆေးရေးဂိတ်များတွင်း ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ ကြီးကြပ်မှုဖြင့် မြို့လုံခြုံရေးနှင့် တည်ငြိမ် အေးချမ်းရေးအတွက် စစ်ဆေးရေးဂိတ်များတွင် ဖြတ်သန်းသွားလာကြသည့် ရပ်နီး/ရပ်ဝေးမှ ပြည်သူများအား လက်နက် ခဲယမ်းများနှင့် တရားမဝင်ပစ္စည်းများ လက်ဝယ်ကိုင်ဆောင် ထားခြင်းရှိ/မရှိ စစ်ဆေးရှာဖွေစစ်ဆေးခဲ့ကြပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကာကွယ်ဆေးထိုးနှံ ထားခြင်းရှိ/မရှိနှင့် ကာကွယ်ဆေးထိုးနှံပြီးစီးကြောင်း လက်မှတ်ပါရှိမှု ရှိ/မရှိ စစ်ဆေးမေးမြန်းခြင်း၊ ကာကွယ်ဆေးထိုးမထိုးနှံရသေးသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံကြပါရန် တိုက်တွန်းပြောဆိုခဲ့ကြကြောင်းသိရသည်။

ထို့အပြင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများက ဂိတ်များအတွင်း ဖြတ်သန်းသွားလာကြသည့် ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ရှိ/မရှိ မေးမြန်းစစ်ဆေး ခဲ့ကြပြီး နိုင်ငံသားစိစစ်ရေးကဒ်ပြားမပါရှိသူများအား ခရီးသွားလာရာတွင် လည်းကောင်း၊ တည်းခို နေထိုင်ရာတွင် လည်းကောင်း၊ နိုင်ငံသားကဒ်(မှတ်ပုံတင်) ပြသဆောင်ရွက်ရသည့် လုပ်ငန်းများတွင် လည်းကောင်း တရားဝင်ထုတ်ပေးထားသော နိုင်ငံသားကဒ် (မှတ်ပုံတင်)အား ဧပြီလ (၁)ရက်နေ့မှစတင်၍ ပြသစစ်ဆေးခံရမည်ဖြစ်ကြောင်း၊ အသက်(၁၆)နှစ်နှင့်အထက် အကျုံးဝင်သူများအား ဥပဒေအရ ကိုင်ဆောင်သင့်သည့် ကဒ်တစ်မျိုးမျိုးထုတ်ပေးရေးအတွက် “ပန်းခင်း”စီမံချက်ဖြင့် ရုံးတွင်းဆောင်ရွက် ပေးခြင်း၊ ကွင်းဆင်ဆောင်ရွက်ပေးခြင်းတို့ကို နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် နိုင်ငံသားစိစစ်ရေး ကဒ်ပြားမရှိသူများအနေဖြင့် အမြန်ဆုံး ပြုလုပ်ကြပါရန် အသိပေး တိုက်တွန်းပြောကြားခဲ့ကြကြောင်း သိရသည်။

သတင်း - ရဲထက်ဦး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)