ညောင်ဦးမြို့နယ်တွင် မိုးကြက်သွန်နီမျိုး ထောင်သူများလာပြီး ပျိုးပင်များပေါက်နှုန်းကောင်းနေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်ဦးမြို့နယ်တွင် မိုးကြက်သွန်နီမျိုး ထောင်သူများလာပြီး ပျိုးပင်များပေါက်နှုန်းကောင်းနေ



MNP -  မတ်    ၂၉

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ကျေးလက်တောင်သူများ မိုးကြက်သွန်စိုက်ပျိုးချိန် အဆင်သင့်စိုက်ပျိုးနိုင်ရန် ဇော်မွှားကြက်သွန်မျိုး(ပျိုး)ထောင်မှုများလာကြောင်း ညောင်ဦးမြို့နယ် မိုးကြက်သွန်စိုက်ပျိုးတောင်သူများထံက သိရသည်။

ညောင်ဦးမြို့နယ်၌ ကြက်သွန်နီစိုက်ပျိုးရာတွင် ဆောင်းကြက်နီစိုက်ပျိုးခြင်းနှင့်မိုး ကြက်သွန်နီစိုက်ပျိုးခြင်းများရှိရာ ဆောင်းကြက်သွန်နီစိုက်ပျိုးခြင်းအား ကြက်သွန်နီမျိုးစေ့ကို သီတင်းကျွတ်လ၊ တန်ဆောင်မုန်းလတို့တွင် ပျိုးထောင်ကာ နတ်တော်လ၊ ပြာသိုလတို့တွင် ကြက်သွန်နီပျိုးပင်များအား စိုက်ခင်းသို့ ရွေ့ပြောင်းစိုက်ပျိုးကြကြောင်း၊ မိုးကြက်သွန်နီ စိုက်ပျိုးရန် ကြက်သွန်နီပျိုးစေ့အား တပိုတွဲလနှင့် တပေါင်းလအစောပိုင်းတွင် မိုးကြက်သွန်နီစိုက်ပျိုးရန် ကြက်သွန်နီပျိုးစေ့ပျိုးထောင်ကြကြောင်း သိရသည်။ မိုးကြက်သွန်နီစိုက်ပျိုးရန် ကြက်သွန်ပျိုး စေ့စိုက်ပျိုးခြင်းအား ဇော်မွှားကြက်သွန်ဟု အများဆုံးခေါ်ဆိုကြပြီး ပျိုးပင်ရက်သား တစ်လခွဲခန့်ရှိလျှင် ရေဖြတ်ကာ ဥအသေးလေးများအား နှုတ်ယူပြီး မိုးလွတ်သည့်နေရာတွင်ထားရကြောင်း၊ ဝါဆိုလ၊ ဝါခေါင်၊ တော်သလင်းလတို့တွင် အဆိုပါ ဇော်မွှားမျိုးခေါ် ကြက်သွန်ဥများ စိုက်ပျိုးကြပြီး ဆောင်းကြက်သွန်ခေါ်လှောင်ကြက်သွန်ကုန်ချိန်ဖြစ်သည့် နတ်တော်လ၊ ပြာသိုလတို့တွင် မိုးကြက်သွန်နှုတ်သိမ်းကာ ဈေးနှုန်းကောင်းချိန်နှုတ်သိမ်း ရောင်းချကြကြောင်း သိရသည်။

မိုးကြက်သွန်စိုက်ပျိုးခြင်းအား ဆောင်းကြက်သွန်နှုတ်သိမ်းချိန် ဥသေးများ ရွေးချယ်ထားပြီး စိုက်ပျိုးခြင်းများလည်းရှိကြောင်း၊ မကွေးတိုင်းဒေသကြီးဆိတ်ဖြူမြို့နယ် ၊ရေစကြိုမြို့နယ်၊ ပေါက်မြို့နယ်တို့တွင် မိုးကြက်သွန်စိုက်ပျိုးရန် ကြက်သွန်နီပျိုးစေ့မျိုးထောင်ကာ စိုက်ပျိုးမှု အများဆုံးဖြစ်ကြောင်း၊ အချို့တောင်သူများသည် မိုးကြက်သွန်မျိုးစေ့ပျိုးထောင်ကာ ပြန်လည် ရောင်းချဖို့အတွက် ပျိုးထောင်မှုများကြောင်း၊ မိုးကြက်သွန်စိုက်ပျိုးချိန်တွင် ဇော်မွှားကြက်သွန် တစ်တင်းသုံးသောင်းခွဲကျပ်မှ ငါးသောင်းကျပ်ထိဈေးနှုန်းရှိကြောင်း ညောင်ဦးမြို့နယ် လက်ထုပ်ကျေးရွာ မိုးကြက်သွန်ပျိုးထောင်ပြီး ပြန်လည်ရောင်းချသည့် မိုးကြက်သွန်ပျိုးထောင် ပြန်လည်ရောင်းချသူ ဦးနိုင်ဝင်းကရှင်းပြ၍ သိရကာ မိုးကြက်သွန်ပျိုးထောင်သူများလာကြောင်း လည်း သိရသည်။

သတင်း - ကိုထိန်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)