မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ကျေးရွာများသို့ ဒေသဖွံ့ဖြိုးရေးအတွက် ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ကျေးရွာများသို့ ဒေသဖွံ့ဖြိုးရေးအတွက် ကွင်းဆင်းဆောင်ရွက်


MNP - မတ်လ    ၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များသည် မြို့နယ်အတွင်းရှိ ဥယျာဉ်ဇင်ကျေးရွာနှင့် ထနောင်းတောကျေးရွာများသို့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က ကွင်းဆင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်မြင့်က မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၏ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ရပ်ရွာအတွင်း အေးအေးချမ်းချမ်းဖြင့် နေထိုင်စားသောက်နိုင်ရေးတို့အတွက် လာရောက်ဆွေးနွေး ဆောင်ရွက်ကြခြင်းဖြစ်ကြောင်း၊ ဒါကြောင့် ရပ်ရွာအတွင်း လုံခြုံရေးကို အထူးဂရုစိုက်ပြီး၊ မီးဘေးလုံခြုံရေးကိုလည်း ပေါ့ဆလို့မဖြစ်ကြောင်း ကျေးရွာသူ ကျေးရွာသားများကလည်း အခက်အခဲများကိုတင်ပြပြီး မိမိတို့ဘက်က လုပ်ပေးနိုင်တာမှန်သမျှ ပြန်၍လုပ်ပေးစေလိုကြောင်း၊ ကိုဗစ်-၁၉ ရောဂါနှင့် မျိုးရိုးဗီဇပြောင်း အိုမီခရွန် ရောဂါသည်လည်း ဖြစ်ပွားလာတဲ့အတွက် ကျေးရွာအတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ကာကွယ်ဆေးထိုးခြင်းနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များကို စနစ်တကျ လိုက်နာဆောင်ရွက်ကြရန်တို့ကို ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော ရွာသူ၊ ရွာသားများက မိမိတို့ရပ်ရွာများတွင် လိုအပ်လျက်ရှိသော မီး၊ ရေ၊ လမ်းများကောင်းမွန်ရေးတို့ကို တင်ပြတောင်းဆိုကြရာ မြို့နယ်စီမံဥက္ကဋ္ဌက တင်ပြလာမှုများအပေါ် သက်ဆိုင်ရာ ဌာနအကြီးအကဲများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်း - ဇေယျာထက်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)