ဒိုက်ဦးမြို့နယ်၊ သပြေတန်းကုန်ထုတ်လမ်းဖွင့်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒိုက်ဦးမြို့နယ်၊ သပြေတန်းကုန်ထုတ်လမ်းဖွင့်ပွဲ အခမ်းအနားကျင်းပ



MNP - မတ်    ၃၀

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာမှ တာဝန်ယူဖောက်လုပ်ခဲ့သော သပြေတန်းကုန်ထုတ်လမ်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါကုန်ထုတ်လမ်း၌ ကျင်းပရာ ပဲခူးခရိုင်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာ ညွှန်ကြားရေးမှူး ဦးမျိုးကျော် ဒိုက်ဦး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် အဖွဲ့ဝင်များ ခရိုင်ဦးစီးအရာရှိ ဒေါ်ခိုင်ရွှေဝါဖူး မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်မြင့်ထွန်းနှင့် ဝန်ထမ်းများ၊ ဒေသခံပြည်သူများတက်ရောက်ကြသည်။

အခမ်းအနားတွင်ညွှန်ကြားရေးမှူး၊ ဒိုက်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်ဦးစီးအရာရှိ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့(၁)ဗိုလ်မှူးသက်နောင်ဦး၊ အဖွဲ့ဝင်(၂)ရဲမှူး ကျော်လင်းထွန်းတို့က ကုန်ထုတ်လမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။

ဒိုက်ဦးမြို့နယ်၊ သပြေတန်းကျေးရွာကုန်ထုတ်လမ်းသည် မြေသားအရှည် စုစုပေါင်း(၆/ဝ)မိုင် ရှိပြီး မိုးတွင်းကာလတွင်သွားလာရခက်ခဲခဲ့သည်။ ဒိုက်ဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၁-၂၀၂၂ခု (၆)လဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် (၁၂၉.၀၃၂၈)သန်းဖြင့် အရှည် (၂/ဝ)မိုင်အကျယ်၁၂ပေ ထု ၉ လက်မ ဂဝံခင်းခြင်းလုပ်ငန်းကို Autumn Dream ကုမ္ပဏီမှ (၆-၁၂၀၂၂)ရက်နေ့တွင် လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ရာ (၂၈-၂-၂၀၂၂)ရက်နေ့တွင် လုပ်ငန်းအားလုံးဆောင်ရွက်ပြီးခဲ့ပြီး သပြေတန်းကျေးရွာ ကုန်ထုတ်လမ်းအား ကျေးရွာအုပ်စု(၃)အုပ်စု ကျေးရွာပေါင်း(၇)ရွာ အကျိုးပြုအိမ်ခြေပေါင်း (၈၅၃)အိမ် လူဦးရေ(၄၀၉၇)ဦး အကျိုးပြုလယ်ဧက (၆၅၀၀) မှ ထွက်ရှိသောသီးနှံများကို ရာသီမရွေးအလွယ်တကူ သယ်ယူပို့ဆောင်နိုင်မည်ဖြစ်ကာ ဒေသခံပြည်သူများ ကျန်းမာရေး ပညာရေး၊ စီးပွားရေး၊ လူမှုရေးကိစ္စရပ်များအတွက်လည်း အသုံးပြုသွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)