ကျောက်ဆည်မြို့နယ်၌ နွေပဲတီစိမ်းသီးနှံ (၉၄၅)ဧက စိုက်ပျိုးပြီးဖြစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့နယ်၌ နွေပဲတီစိမ်းသီးနှံ (၉၄၅)ဧက စိုက်ပျိုးပြီးဖြစ်



MNP - မတ်   ၂၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၁-၂၀၂၂ ခုနှစ်တွင် နွေပဲတီစိမ်းသီးနှံ စိုက်ဧက (၆၈၀၄)ဧကစိုက်ပျိုးရန်လျာထားခဲ့ရာ (၉၄၅)ဧက စိုက်ပျိုးပြီးကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

နွေပဲတီစိမ်းစိုက်ခင်းများကို ညောင်ရွေ၊ သင်ပုတ်၊ ဇရပ်ဖြူ၊ ငါးအိုး၊ရွာနန်း၊ လက်ပန်၊ ညောင်ဝန်း၊ ကြောင်ပန်းကုန်း ကျေးရွာအုပ်စုများတွင် (၂၀၀)ဧက၊ အရှေ့ငယ်တိုး၊ ထန်းဇင်တော်၊ ငှက္ကတောင်၊ ရွှေဒါး၊ ရဲဘော်ကြီး ကျေးရွာအုပ်စုများတွင် (၅၅၃)ဧက၊ သင်္ဂတုံ၊ အရှေ့သာဂရ၊ ကလေး၊ မှိုင်းပန်၊ ပြည်တော်သာ၊ ရှမ်းတောင်ဦး၊ ပုထိုးနီ၊ ကုလားကျောင်း ကျေးရွာအုပ်စုများတွင် (၇၂)ဧက၊ ဆူလေကုန်း၊ ပေါက်ပင်ကွေ့၊ မြေစိုမိုး၊ ပဲခင်း၊ ပေါင်လောင်၊ တောင်တော်၊ ကင်း ကျေးရွာအုပ်စုများတွင် (၁၂၀)ဧက စုစုပေါင်း (၉၄၅)ဧက စိုက်ပျိုးပြီးကြောင်း မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ သိရသည်။

ကျောက်ဆည်မြို့နယ်အနေဖြင့် နွေပဲတီစိမ်းသီးနှံများ အောင်မြင်ဖြစ်ထွန်းစေရေးနှင့် အထွက်နှုန်း ကောင်းမွန်စေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများမှ နည်းပညာများ စနစ်တကျ ပံ့ပိုး ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်း - သက်မောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)